ချစ်ရသူနဲ့ လက်ထပ်ပွဲကျင်းပတော့မယ့် နေ့လေးကို တရားဝင်ကြေငြာလိုက်တဲ့ နိုင်းဝမ်း

နိုင်ငံကျော် မဆိုတော် နိုင်းဝမ်းဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ သီချင်းလေးတွေက ပရိသတ်တွေ ကြားနာမည်ကြီးသလို အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ နိုင်ငံကျော် အနုပညာရှင် တစ်ဦးဆိုလည်းမမှားပါဘူး ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် နိုင်းဝမ်း က ချစ်ရသူနဲ့ လက်ထပ်တော့မည့် အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ နိုင်းဝမ်း တို့ ချစ်သူနှစ်ဦးက ငယ်ချစ်တွေပါတဲ့ ပရိသတ်ကြီးရေ ။ ခရီးအတူသွားကြတဲ့ ပုံရိပ်ကလေးတွေကို နိုင်ဝမ်းက သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြလေ့ရှိပတယ်။ ဒီတစ်ခါမှာတော့ နိုင်းဝမ်းက ချစ်သူနဲ့ လက်ထပ်တော့မှာ ဖြစ်ကြောင်း ခုလို ပြောထားပါတယ်။ နိုင်းဝမ်း က ” အရမ်းလိမ္မာလွန်းတဲ့ ချစ်ဇနီးလောင်းလေးနဲ့ ဟော့ပေါ့အတူစားရင်း နောက်နှစ်ဝါကျွတ် မင်္ဂလာဆောင်အတွက် ရက်ရွေးနေကြပါပြီလို့🥰🥰🥰ဒါနဲ့လေ မင်္ဂလာဆောင်ဒင်နာမှာ ဗြူးတီးအင်းသည်ပေါ့က ဟော့ပေါ့ဘူဖေးမှာကျွေးပြီး အရက်နဲ့ဘီယာအဝတိုက်လို့ရလားဟင်??🤔” ” မင်္ဂလာဆောင်ပြီးရင် အမျိုးသားဘက်ကပဲ ဆရာကြီးအမြဲဖြစ်နေအောင်...

နှစ်ဖက်မိဘတွေက နားလည်ပေးထားတယ်ဆိုတဲ့ အဆိုတော် ဂေးဂေးနဲ့ အလှမယ် ဆွေဇင်ထက်တို့ရဲ့ အချစ်ရေး

သူတို့ရဲ့ အချစ်ရေးအကြောင်းပြောပြလာပါတယ်။ အဆိုတော် ဂေဂေးနဲ့ အလှမယ် ဆွေဇင်ထက်တို့ဟာ ချစ်သူတွေ ဖြစ်နေကြတာ ၃ နှစ်တာကာလကို ရောက်ရှိနေပြီလို့ သိရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေရှိသလို စိတ်ချင်းကလည်း ထပ်တူကျတယ်လို့ဆိုပါတယ်။ အဆိုတော်ဂေဂေးနဲ့ Miss Universe Myanmar 2019 အလှမယ်လေး ဆွေဇင်ထက် တို့ရဲ့ အချစ်ရေးကတော့ အခုဆိုရင် ၃ နှစ်ကြာခဲ့ပြီလို့ သိရပါတယ်။ နှစ်ဖက်မိဘနဲ့ ဆွေမျိုးတွေကလည်း နားလည်ပေးထားတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ “ ချစ်သူသက်တမ်းကတော့ ၃ နှစ်နီးပါးရှိပြီ။ တစ်ခုကံကောင်းတာက ဂေဂေးအိမ်က မိဘတွေရော၊ သူ့အိမ်က မိဘတွေရော သိသွားတဲ့အချိန်မှာလည်း အားလုံးက နားလည်ပေးကြပါတယ်။ ဘာမှလည်းမပြောပါဘူး။ လူကြီးတွေကလည်း ဖေ့စ်ဘွတ်တွေသုံးတယ် လူငယ်ဆန်တဲ့အခါကျတော့ အော်.. အင်းအင်းပေါ့။ လက်ခံတယ်လို့လည်းမဟုတ်ဘူး၊ လက်မခံဘူးဆိုတာလည်း မဟုတ်ဘူး ဆူတာတွေလည်း မရှိပါဘူး” လို့...

ပရိသတ်တွေ လုံးဝမမှတ်မိနိုင်လောက်တဲ့ ဇာတ်ရုပ်နဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်နေတဲ့ မိတ်ကပ် လင်းလင်း

နိုင်ငံကျော် မိတ်ကပ်ဖန်တီးရှင် ဖြစ်တဲ့ လင်းလင်း ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ လင်းလင်း က ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကို မိတ်ကပ် ခင်စမ်းဝင်း၊ မထက်၊ ညီညီမောင် (စမ်းချောင်း) တို့နဲ့အတူ သရုပ်ဆောင် ရိုက်ကူးခဲ့ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ဒီတစ်ခါမှာလည်း သူမရဲ့ ဒုတိယမြောက် ရုပ်ရှင် ဇာတ်ကားကြီးကို ထပ်မံ ရိုက်ကူးလျှက် ရှိပါတယ်။မိုမိုလေးပရိသတ်ကြီးအတွက်မိတ်ကပ် လင်းလင်း ရဲ့ ရိုက်ကွင်း ပုံရိပ် လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ လင်းလင်း က ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကို နိုင်ငံကျော် သရုပ်ဆောင် မင်းမော်ကွန်း ၊ မြင့်မြတ်၊ တို့နဲ့အတူ မိတ်ကပ် ခင်စမ်းဝင်း၊ မထက်၊ ညီညီမောင် (စမ်းချောင်း)တို့နဲ့ရိုက်ကူးခဲ့ပြီး ပရိသတ်တစ်ခဲနက် အားပေးခြင်း ခံခဲ့ရတာပါ။ ဒီတစ်ခါမှာတော့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပြီး ပရိသတ်တွေ လုံးဝမမှတ်မိနိုင်လောက်တဲ့ တောသူ မိန်းမလျာ ဇာတ်ရုပ်ကို...

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အထောက်အထားများ တပ်မတော်မှ ထည့်ပေး

ICJ တရားရုံးတွင် သွားရောက်ဖြေရှင်းနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော်ဘက်မှ အထောက်အထားများ ထည့်ပေးလိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောကြားခဲ့ကြောင်း သိရှိရသည်။ “ အသေးစိတ် အကြောင်းအရာကိုတော့ ကျွန်တော်တို့ ပြောလို့မရဘူး။ အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ လိုအပ်တဲ့အထောက်အထားတွေကို ညွှန်ကြားအတိုင်းဆောင်ရွက်ပေးပါတယ်”ဟု တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးတွင် ဒီဇင်ဘာလ ၁၀ ရက်က ဂမ်ဘီယာ နိုင်ငံဘက်ကို စတင် ကြားနာကာ ဒီဇင်ဘာလ ၁၁ ရက်တွင် မြန်မာနိုင်ငံဘက်သို့ ကြားနားခဲ့ခြင်း ဖြစ်ပြီး ယနေ့ ပြန်လည်ချေပပြောဆိုစဉ် ဂမ်ဘီယာနိုင်ငံမှ မဖော်ပြခဲ့သည့် ရခိုင်ပြည်နယ်အတွင်း အာဆာ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရမှုကို နိုင်ငံတော်အတိုင်ပင်ခံက အသေးစိတ်ရှင်းပြပြောဆိုခဲ့သည်။ Source-MON

ဖေဖေလို့ ရုတ်တရက်ခေါ်လာတဲ့ သမီးကြောင့် ငိုချင်မိသွားတယ်ဆိုတဲ့ ခိုင်နှင်းဝေ

ကြင်နာတဲ့ စိတ်ထားလေးနဲ့ အေးချမ်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးပါ။ လက်ရှိမှာ မိဘမဲ့ကလေးတွေကို ဂေဟာလေးတစ်ခုတည်ဆောက်ပြီး မွေးစားထားတဲ့ ခိုင်နှင်းဝေကတော့ သူမနဲ့အရမ်းတူတဲ့ သမီးလေး ရွှန်းရတီခိုင်ကိုလည်း အမွေစားအမွေခံနဲ့ မွေးစားထားပါသေးတယ်။ လတ်တလောမှာတော့ ခိုင်နှင်းဝေက ဖေဖေလို့ ရုတ်တရက်ခေါ်လာတဲ့ သမီးကြောင့် ငိုချင်မိသွားတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားတဲ့ အကြောင်းအရာပေမယ့် တကယ်တမ်းကြုံလာရတော့ ခိုင်နှင်းဝေတစ်ယောက် အရမ်းကို ဝမ်းနည်းသွားရတာပါနော်။ ချစ်ပရိသတ်တွေအတွက် ဖေဖေလို့ ရုတ်တရက်ခေါ်လာတဲ့ သမီးကြောင့် ဝမ်းနည်းသွားရတဲ့ ခိုင်နှင်းဝေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခိုင်နှင်းဝေကတော့ “သမီးက သူ့ကိုယ်သူမှန်ထဲကြည့်ပြီးစကားတွေပြောနေတာ သတိထားကြည့်လိုက်တော့ “ ဖေဖေ..ဖေဖေ ရေ” တဲ့😭😭😭ပါးစပ်ပိတ်မရအောင် အံ့သြ မှင်သက်သွားတယ်…ကျမ….. 💪💪💪💪💪ရုတ်တရက် စကားစရှာမရဘူး..ကြိုတင်ပြင်ဆင်ထားတဲ့ စကားလုံးတွေ ရုတ်တရက် သမီး အဲလို ခေါ်နေတာ...

“မင်းသမီးချော အိန္ဒြာကျော်ဇင်ပါ အူတက်အောင်ရယ်ခဲ့ရတဲ့ ရင်ဘတ်ထဲကဓား ဇာတ်ဝင်ခန်း”

လက်ရှိမှာတော့ မင်းသမီးချော အိန္ဒြာကျော်ဇင်ဟာ ပရိသတ်တွေကြား နာမည်ကြီးနေတဲ့ သူရဲ့ ဒုတိယမြောက်အကယ်ဒမီကို ရယူနိုင်ခဲ့တဲ့ ဇာတ်ဝင်ခန်းကို ပရိသတ်တစ်ဦးမှ ဟာသသဘောဖြင့် အသံပြောင်းထားတဲ့ ဗီဒီယိုလေးကို ကြည့်ကာ အူးတက်အောင်ရယ်ခဲ့ရတဲ့အကြောင်းကို “အား….. သေပါပြီ, အူတက်လို့” ဆိုပြီး သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဒီဗီဒီယိုဖိုင်လေးကို ရှယ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံကျော် ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ လက်ရှိမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆုကြီး(၂)ဆုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ပါ။သူက မြန်မာနိုင်ငံ ရဲ့ သရုပ်ဆောင်မင်းသမီး တွေထဲမှာ အောင်မြင်မှုတွေရရှိနေတဲ့ ဝါရင့် သရုပ်ဆောင် မင်းသမီး တစ်ဦး ဆိုလည်းမမှားပါဘူး။သူကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့သူတစ်ယောက်ဖြစ်ပြီး ဒီနှစ်ထဲမှာတော့ ပရိသတ်တွေက အကယ်ဒမီ ကျိန်းသေရရှိမယ့်လို ထင်ကြေးပေးခြင်းခံနေရတာလည်းဖြစ်ပါတယ်။ ဝါရင့်ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ပြေတီဦးနဲ့ လက်ထပ်ထိမ်းမြှားခဲ့ကာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားနိုင်တဲ့သူတစ်ယောက်ပါ။ ပရိသတ်ကြီးအတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံကျော် ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့...

အမေစုကို ဝန်းရံရင်း သူများလာဝေတဲ့ ထမင်းဘူးတွေကို လမ်းဘေးမှာ ထိုင်စားခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်က ICJ တရားရုံးရှေ့မှာ အမေစုကိုဝန်းရံနေရင်း သူများလာဝေတဲ့ ထမင်းဘူးလေးတွေ စားသုံးခဲ့ရပါတယ်။ နယ်သာလန်နိုင်ငံမှာသွားရောက်တရားရင်ဆိုင်နေတဲ့ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို ဝန်းရံဖို့အတွက် စမိုင်းလ်တို့ဇနီးမောင်နှံရောက်ရှိနေတာ ပရိသတ်ကြီး သိကြမှာပါ။ ဂမ်ဘီယာနိုင်ငံက မြန်မာပြည်ကို စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေကြသလို မြန်မာပြည်သူပြည်သားတွေကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံကတော့ ငွေကြေးရော၊ အချိန်ပါ ပေးဆပ်ပြီး နိုင်ငံချစ်တဲ့စိတ်နဲ့ နယ်သာလန်နိုင်ငံ သဟိဂ်မြို့ထိ သွားရောက် ဝန်းရံခဲ့တာဖြစ်ပါတယ်။ ICJ တရားရုံးရှေ့က အခြေအနေတွေကိုလည်း အဆက်မပြတ် ဖော်ပြပြီး Live လွှင့်ပေးနေတာလည်း တွေ့ရပါတယ်။ စမိုင်းလ်တစ်ယောက် တရားရုံးရှေ့မှာ သွားရောက်ဝန်းရံရင်း သူများလာဝေတဲ့ ထမင်းဘူးတွေ စားခဲ့ရပုံလေးကို ပြောပြလာပါတယ်။ လမ်းဘေးမှာ သူများလာဝေတဲ့ ထမင်းဘူးကို ထိုင်စားရတာလည်း သူမအတွက်တော့ ဖီးလ်တစ်ခုဖြစ်ကြောင်း ပြောထားတာဖြစ်ပါတယ်။ ယခုလို အရေးကြီးတဲ့အချိန်မှာ သွေးစည်းစွာနဲ့ အချိန်ပေးပြီး...

သမီးလေးနဲ့သူမတို့ကြားက ဆက်ဆံရေးလေးကို ပြောပြလာတဲ့ချမ်းချမ်း

Melody World ပြိုင်ပွဲကနေ အနုပညာလမ်းကြောင်းပေါ်မှာ နေရာရလာခဲ့တဲ့ တေးသံရှင်ချမ်းချမ်း ကတော့ မော်ဒယ်လ်သရုပ်ဆောင် ဘုဏ်းသိုက်နဲ့ အိမ်ထောင်ပြုခဲ့ပြီး ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ကိုမွေးဖွားထားတာဖြစ်ပါတယ် ။ အိမ်ထောင်ရေးအဆင်မပြေမှုတွေကြောင့် ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်ကြပြီး သမီးလေးကို ချမ်းချမ်းကပဲ တာဝန်ယူစောင့်ရှောက်ထားတာဖြစ်ပါတယ် ။ စင်ဂယ်မားသားဘဝနဲ့ သမီးလေးကိုတာဝန်ယူနေတဲ့ချမ်းချမ်းကတော့ သမီးလေးကို အချိန်ပေးနေရလို့ သမီးကျောင်းပို့ရမယ့် နေ့တွေဖြစ်တဲ့ တနင်္လာနေ့ကနေ သောကြာနေ့ထိကို မနက်ပိုင်း ရှိုးတွေတောင် လက်မခံတော့ဘူးလို့ ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ သမီးလေးကိုလည်း မေမေက အလုပ်တွေပဲလုပ်တော့ အလုပ်တွေ လောဘကြီးတယ်လို့ ထင်မယ် တကယ်တော့ ဒီအချိန်မှာရှာထားနိုင်မှ သမီးလေးအသက်ကြီးရင် ကောင်းကောင်းမွန်မွန်နေရမှာ လို့ လည်း သမီးလေးကိုအမြဲပြောပြဖြစ်ပါတယ်တဲ့ ။ သားသမီးအတွက်ပဲ အချိန်ကုန်နေရတာက တစ်ခါတစ်လေကျရင် စိတ်ထွက်ပေါက်မရှိတဲ့အတွက် သားသမီးကိုပဲအမြဲငဲ့ကြည့်နေရတော့ ကိုယ်တစ်ကယ်ခံစားနေရတာတွေကိုတော့ ကိုယ်တိုင်ပဲသိတယ်လို့ချမ်းချမ်းကပြောပြလာခဲ့ပါတယ် ။ သမီးလေးလိုချင်တာတွေကို လက်ညိုးထိုးတိုင်းဝယ်ပေးနိုင်ဖို့ အလုပ်တွေကြိုးစားနေသလို သမီးလေးပျော်ရွှင်သွားဖို့အတွက်...

နယူးဇီလန်ကလည်း အမေစုနဲ့ရပ်တည်မည့်နိုင်ငံ တစ်နိုင်ငံအဖြစ်ပါဝင်မည့်သတင်း

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့မှ မြန်မာ့အရေးအင်အားစုများ ၊ဟယ်မင်တန်မြို့မှ မြန်မာ့အရေးအင်အားစုများဝယ်လင်တန်မြို့မှ မြန်မာ့အရေးအင်အားစုများနှင့်နယ်လ်ဆင်မြို့မှ မြန်မာ့အရေအင်အားစုများ ကလည်းစတင်ဆက်သွယ် ချိတ်ဆက်နေကြပြီးအော့ကလန်မြို့မှာတော့ယခုအပတ်အတွင်းတွင်အမြန်ဆုံး ဆွေးနွေးတိုင်ပင်ကြကာ ကမ္ဘာ့နေရာနိုင်ငံအသီးသီးကWe Stand With Daw Aung San Suu Kyiများနှင့်အတူနယူးဇီလန်မှ မြန်မာ့အရေးအင်အားစုများကလည်းအမေဒေါ်အောင်ဆန်းစုကြည်နှင့်အတူရပ်တည်ထောက်ခံသွားကြမည် ဟုကြိုတင်သတင်း ရရှိထားပါတယ်။ဆက်လက်တင်ပြပေးပါ့မယ်။ နယူးဇီလန်နိုင်ငံ အော့ကလန်မြို့မှ မြန်မာ့အရေးအင်အားစုများ ၊ဟယ်မင်တန်မြို့မှ မြန်မာ့အရေးအင်အားစုများ ၊ဝယ်လင်တန်မြို့မှ မြန်မာ့အရေးအင်အားစုများနှင့်နယ်လ်ဆင်မြို့မှ မြန်မာ့အရေးအင်အားစုများ ကလည်းစတင်ဆက်သွယ် ချိတ်ဆက်နေကြပြီးအော့ကလန်မြို့မှာတော့ယခုအပတ်အတွင်းတွင်အမြန်ဆုံး ဆွေးနွေးတိုင်ပင်ကြကာ နယူးဇီလန်မှ မြန်မာ့အရေးအင်အားစုများကလည်းအမေဒေါ်အောင်ဆန်းစုကြည်နှင့်အတူရပ်တည်ထောက်ခံသွားကြမည် ဟုကြိုတင်သတင်း ရရှိထားပါတယ်။ဆက်လက်တင်ပြပေးပါ့မယ်။

လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိဟု ICJ တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ကိစ္စတွေကို ဂျူးလူမျိုး ၆ သန်းကျော် အသတ်ခံရတဲ့ ကိစ္စ၊ ဘော့စနီးယားဖြစ်စဉ်တွေနဲ့ လွဲမှားစွာဖော်ပြနေကြတဲ့အကြောင်း၊ ရခိုင်အနေအထားဟာ ရှုပ်ထွေးပြီး သေချာတာကတော့ အပြစ်မဲ့တဲ့သူတွေ ခံစားကြရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ အာဆာ အင်အား ၄၀၀ လောက်က နယ်ခြားစောင့် ရဲစခန်းတွေကို တပြိုင်တည်းတိုက်ခိုက်ခဲ့ရာက စတင်ခဲ့တာဖြစ်ပြီး အာဆာတွေက သံသယရှိတဲ့ အရပ်သားတွေကို သတ်ဖြတ်ခဲ့ကြောင်း၊ အာဆာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နေရာ ၁၂ နေရာမှာ ရှင်းလင်းခဲ့ရကြောင်း၊ အာဆာတွေ ဝိုင်းရံထားလို့ ရဟတ်ယာဉ်တွေ သုံးခဲ့ရတာတွေရှိပြီး တိုက်ခိုက်ရေးသမားမဟုတ်တဲ့သူတွေ အရပ်သားတွေ သေကောင်းသေနိုင်ကြောင်း၊ အာဆာနဲ့ အရပ်သားတွေကြား ခွဲခြားလို့မရခဲ့တာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကလည်း ရာဇဝတ်မှုအနေအထားမျိုး ဖြစ်ခဲ့ပြီး၊ ရှုပ်ထွေးခဲ့တယ်၊ ဒီလိုအနေအထားကြောင့် လူမျိုးတုံးသတ်ဖြတ်မှုလို့ ကောက်ချက်ချလို့ မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဂူတာပြင်ကိစ္စမှာလည်း...

x