ပန်းခရမ်းရောင်ဝတ်စုံလေးနဲ့ ကျက်သရေရှိတဲ့ မင်းသမီးလေးတစ်ပါးလို လှပကျော့ရှင်းနေတဲ့ ပန်းရောင်ခြယ်

နိုင်ငံကျော်အဆိုတော်ကြီး ဂရေဟမ်ရဲ့ သမီးကြီးဖြစ်သူ ပန်းရောင်ခြယ်က ဖခင်ဖြစ်သူရဲ့ သီချင်းဆို ပါရမီတွေကို အမွေဆက်ခံရရှိထားတာ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်ရဲ့ အသံချိုချိုအေးအေးလေးနဲ့ သီဆိုထားတဲ့ သီချင်းတွေကလည်း ပရိသတ်တွေကြား တော်တော်လေး ရေပန်းစားပြီး လူကြိုက်များတာပဲ ဖြစ်ပါတယ်။

ပန်းရောင်ခြယ်က ပြီးခဲ့တဲ့ အောက်တိုဘာလ (၉) ရက်နေ့က Rakuten Viber Myanmar Summit 💜 ပွဲလေးကို သီချင်းဆိုဖျော်ဖြေရင်း တက်ရောက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ပန်းရောင်ခြယ်က ပန်းခရမ်းရောင်ဝတ်စုံလေးနဲ့ စမတ်ကျတဲ့ အမျိုးသမီးလေးအဖြစ် တွေ့မြင်ရပါတယ်။ ပရိသတ်တွေအတွက် ပန်းရောင်ခြယ်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပန်းရောင်ခြယ်က လက်ရှိမှာတော့ ပွဲအခမ်းအနားတွေကို တက်ရောက်ပေးနေပြီး အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ပန်းရောင်ခြယ်ကတော့ တစ်နေ့တစ်ခြား ရင့်ကျက်မှုတွေနဲ့ လှပလာတာပဲနော်။ ပရိသတ်ကြီးလည်း ပန်းရောင်ခြယ်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

admin

x