ဖြိုးပြည်စုံတို့ကို ဖမ်းဆီးခဲ့သည့် တပ်ဖွဲ့ဝင်နှင့် သတင်းပေးတို့ကို ခုံရုံးတင်စစ်ဆေးအရေးယူမည်

အောက်တိုဘာလ ၇ ရက်နေ့က အဆိုတော် ဖြိုးပြည့်စုံဟာ မူးယစ်ဆေးဝါးမှုနဲ့ ထိန်းသိမ်းခံရပြီး သိမ်းဆည်းရမိ ဆေးပြားတွေဟာ မူးယစ်ဆေးဝါး မဟုတ်တာကြောင့် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ယင်းကဲ့သို့ မှားယွင်း ဖမ်းဆီးခဲ့တဲ့အတွက် ဝေဖန်မှုတွေရှိသလို၊ ဖမ်းဆီးစဉ်မှာ ရိုက်နှက်မှုတွေရှိတာကြောင့် ပြန်လည် တာဝန်ယူဖို့ ဖိအားပေးမှုတွေ ရှိခဲ့ပါတယ်။ ပရိတ်သတ်တွေက တောင်းဆိုခဲ့ကြသလို၊ အနုပညာရှင် အသိုင်းအဝိုင်းကလည်း ပါဝင်ခဲ့ကြပါတယ်။ နာမည်ကြီး ဝါရင့် အနုပညာရှင်များစွာ ယင်းကိစ္စနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေ တော်တော်လေး မြင့်တက်ခဲ့ပါတယ်။

ရိုးသားပြီး စိတ်ထားဖြူစင်လို့ လူချစ်လူခင်ပေါတဲ့ ဖြိုးပြည့်စုံတို့ကို မှားယွင်း ဖမ်းဆီးခဲ့တာကြောင့် ပိုမိုဆိုးဝါးသွားတာလည်းဖြစ်ပါတယ်။ ယခုအခါမှာ အဆိုပါ ကိစ္စရပ်နဲ့ပတ်သတ်ပြီး အငြိမ်းစားရဲမှူးချုပ် ဝင်းခေါင်က ဥပဒေမှာ ဆိုရိုးထုံးတမ်းရှိကြောင်း၊ လူဆိုး ၁၀ ဦး လွတ်ချင် လွတ်ပါစေ၊ လူကောင်း တစ်ဦးကို မှားယွင်း ဖမ်းဖို့ မလိုကြောင်း၊ ဖမ်းမိဖို့ အဓိကမဟုတ်ကြောင်း၊ မှားယွင်းဖမ်းမိတဲ့ လူရဲ့ သိက္ခာတရားကို မထိခိုက်အောင် ထိန်းသိမ်းသင့်ကြောင်း၊ နိုင်ငံတော်ရဲ့ ဦးတည်ချက်ဟာ မူးယစ်ဆေးဝါးကို တားဆီးဖို့ ဖြစ်ပြီး ပပျောက်ချင်တာ ဖြစ်ကြောင်း၊ ယင်းကြောင်း ဆေးသုံးစွဲသူကို ပဲ ဖမ်းနေကြဖို့ မသင့်ကြောင်း၊ ရောင်းဝယ်သူတွေကို ဖမ်းမိဖို့ လိုကြောင်း၊ မူးယစ်ဆေးဝါးများက မိုးပေါ်က ကျလာတာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီးမိုးအောင် ကလည်း ဖုန်းနဲ့သတင်းပေးခဲ့တာဖြစ်ပြီး၊ ယခုအခါမှာ ဖုန်းပိတ်ပြီး ထွက်ပြေးနေကြောင်း၊ ဖမ်းဆီးစဉ် ရိုက်နှက်မှုတွေကို ဖုန်းသတင်းပေးတွေကို စုံစမ်းစစ်ဆေးရေး ခုံရုံးမှာ စစ်ဆေးဖို့ရှိကြောင်း၊ ရဲကိစ္စ မှန်သမျှ စုံစမ်းစစ်ဆေးရေး ခုံရုံးမှာ စစ်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ မှားယွင်းဖမ်းဆီးမှုနဲ့ ပတ်သတ်ပြီး ပရိတ်သတ်တော်တော်များများကတော့ မကျေနပ်မှုတွေ ရှိခဲ့ပါတယ်။ ယခုကဲ့သို့ ဖမ်းဆီးချိန်မှာ ရိုက်နှက်သူကိုလည်းကောင်း၊ ဖုန်းသတင်းပေးသူကိုလည်းကောင်း စုံစမ်းစစ်ဆေးပြီး အရေးယူမည့်သတင်းကြားတော့ ပရိတ်သတ်ကြီးလည်း ဝမ်းသာခဲ့ကြပါတယ်။ ယင်းအမှုနဲ့ပတ်သတ်ပြီး နောက်ဆက်တွဲ သတင်းများကို ဆက်လက်ဖော်ပြပေးပါ့မယ်နော် ပရိတ်သတ်ကြီး.။

admin

x