နှင်းဆီလှေ အငြိမ့်ဖျော်ဖြေပွဲမှာ ဖေ့ဘုတ်ဆယ်လီလေး ကိကိပုံစံ သရုပ်ဆောင်ခဲ့တဲ့ နေတိုးရဲ့ ချစ်စရာ ဗီဒီယိုလေး

ဒါရိုက်တာ မောင်မျိုးမင်း ဦးစီးတည်ထောင်ထားတဲ့ “နှင်းဆီအဖွဲ့” ဟာ နာမည်ကြီး မင်းသား၊ မင်းသမီးတွေဖြစ်တဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေး၊ ဖူးစုံ၊ မိုးယုစံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားတွေက တစ်နှစ်တစ်ခါ အငြိမ့်သဘင် ကျင်းပပြီး လိုအပ်တဲ့နေရာဒေသတွေကို ထောက်ပံ့လှူဒါန်းဖို့အတွက် ရန်ပုံငွေရှာ ဖျော်ဖြေကြတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း နှင်းဆီအဖွဲ့သားတွေက သဘာဝဘေးအန္တရာယ် တွေ့ကြုံခံစားရတဲ့ ဒေသများ ပြန်လည်တည်ထောင်ရေး ရန်ပုံငွေ ရရှိစေရန် အတွက် “နှင်းဆီလှေ” ဆိုတဲ့ အငြိမ့်သဘင်ကြီးကို ကပြဖျော်ဖြေသွားတာပဲ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲကြီးကိုတော့ ရန်ကုန်နဲ့ မန္တလေးမှာ တစ်ရက်စီကျင်းပခဲ့တာပဲဖြစ်ပါတယ်။

ထို နှင်းဆီလှေ အငြိမ့်ပွဲကြီးကိုတော့ ပရိသတ်တော်တော်များများ မကြည့်လိုက်ကြရဘူးပဲဖြစ်ပါတယ်။ နှင်းဆီလှေ အငြိမ့်ပွဲများမှာ နေတိုးဟာ ဖေ့ဘုတ် Cele လေး Ki Ki ရဲ့ ပံုံစံလေးအတိုင်းသရုပ်ဆောင်ကပြဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် နေတိုးရဲ့နှင်းဆီလှေ အငြိမ့်မှာ ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

admin

x