ရိုးသားတဲ့ ဒေသတွေမှာ အများတကာမသိ ဖျက်စီးခံနေရတဲ့ ဆရာမလေးတွေရဲ့ ဘဝများ

ဆရာဝန်ကြီးတစ်ယောက် ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်ဖူးတယ်… တစ်ရက်.. သူ့ဆီကို ကိုယ်ဝန်ဖျက်ချဖို့ မိန်းမငယ်တစ်ယောက်ရောက်လာတယ်။ ဂဃနဏ မေးကြည့်တော့ တောင်တန်း ဒေသတစ်ခုမှာ တာဝန်ကျနေတဲ့ ကျောင်း ဆရာမလေး ။ ဒါနဲ့.. ဆရာဝန်ကြီးက.. သမီးချစ်သူ က ချစ်သူတို့ ဘာသာဘာဝ လွန်ကျူးပြီးမှ တာဝန်မယူလို့လား မေး တော့.. ဆရာမလေး မှာ ငိုတော့သတဲ့။

ဘာချစ်သူမှလည်း မရှိဘူး ၊ အခု ရတဲ့ ကိုယ်ဝန်ကလည်း.. ခလေးဖအေ ဘယ်သူမှန်း တောင် မသိဘူး ။ မိုးတွေ အရမ်းရွာတဲ့ညက သူ တာဝန်ကျတဲ့ ရွာကပေးတဲ့ အိမ်လေးမှာ အိပ်ပျော်နေတုန်း အိမ်ပေါ်တက် အစော်ကား ခံလိုက်ရတာ ။ ရပ်ရွာကို တိုင်ရအောင်.. မှောင်ထဲ မဲထဲ ကိုယ့်စော်ကားတဲ့သူ ဘယ်သူမှန်းမသိရတဲ့ အပြင် ၊ ကြောက်စိတ်ရယ်.. ရှက်စိတ်ရယ်က ကြီးစိုးနေတော့ ဘယ်သူ့ကိုမှ မပြောရဲရှာဘူး ။

အဲ့ဒီမှာ.. ဆရာဝန်ကြီး က ဖြစ်မှ ဖြစ်ရလေ သမီးလေးရယ် လို့ပဲ.. သူလည်း ညည်းတွား နိုင်ရှာတယ်လို့ ရေးထားတယ် ။ ကျနော့်သမီးလေး သာဆိုရင် ကျနော် ဘယ်လောက်တောင် ရင်ကျိုး ရမလဲ.. တဲ့ ၂၀၀၉ လောက်က ခြေလျင်မှာနေတဲ့အချိန် စစ်ဆင်ရေးထွက်တော့.. ရှေ့တန်းပြန်ဝင်ခါနီး ရွာတစ်ရွာမှာ ညအိပ်ရတယ် ။ ကိုယ်တည်းတဲ့ အိမ်က အိမ်ရှင်နဲ့ စကားစမြည်ထိုင်ပြောနေရင်း၊ စာသင်ကျောင်း ရှိတာပဲ၊ ရွာက ခလေးတွေပညာရေး အတွက် ခများတို့ မပူရဘူးပေါ့ လို့ ၊ ဒါပေမယ့်.. ဒီလောက် လမ်းပန်းအဆက်အသွယ်ဝေး၊ သေနတ်သံ တဖုံးဖုံးနဲ့ ဒေသမှာ အဲ့ဒီ ဆရာ ဆရာမတွေ ရေရှည် ရော မြဲပါ့မလား ဆိုတော့.. အဲ့ရွာသား ပြန်ပြောတာ ကြားပြီး ကိုယ်တွေ ပါးစပ်ပါ အဟောင်းသား ဖြစ်သွား ရတယ်…

ဘယ်မြဲမလဲ ဗိုလ်ကြီးရာ.. ဒါပေမယ့် မြဲအောင် လုပ်ရတာပေါ့ ။ ဆရာမလေးက အညာဖက် ဇာတိက၊ ရွာက အရင်လူတွေလို ပြန်မသွားအောင်ဆိုပြီး.. ခလေးဖအေ တစ်ခုလပ် ကို ဆရာမလေး အိမ်ပေါ် တက်လုံးခိုင်းပြီး.. ပေးစားပြစ်တာ ။ ပြီးရင်.. ဖြစ် လည်း ဖြစ်ပြီးသွားပြီ.. ဇွတ်ပြန်မယ်ဆိုရင် တောထဲ ကကောင်တွေ ဆီ လက်တို့မယ် ။ ကိုယ် စကား စမြည်မေးတဲ့ အချိန်မှာ အဲ့ဆရာမလေး.. အဲ့ရွာက ခလေးဖအေ တစ်ခုလပ်နဲ့ ရတဲ့ ခလေးတစ်ယောက် တောင် ရနေပြီ ။

ဘယ်ဒေသပါ လို့ မရေးချင်ဘူး ၊ ဒါပေမယ့်.. သိပ် ရိုးသားပါတယ် ဆိုတဲ့ တိုင်းရင်းသားဒေသတွေမှာ တကယ်လက်တွေ့ အများတကာမသိ ဖြစ်ခဲ့ရတဲ့ မြေပြင်အမှန်တရားတွေ ။

ရွာမှာ ဆရာမ မြဲချင်ရင်.. အဲ့ရွာမှာ တာဝန်ကျတဲ့ ကျောင်းဆရာမတွေ ကို ရွာက လူနဲ့ ရည်းစားထား၊ အိမ်ထောင်ပြု.. အဲ့ရွာမှာ အခြေချပေါ့ ဆိုပြီး.. စကားကို လက်လွတ်စပယ်ပြောတဲ့ ဝန်ကြီးချုပ်ကို မေးခွန်းထုတ်ချင်တာ တစ်ခုပဲ ရှိတယ်…အပေါ်မှာရေးထားတဲ့ ဖြစ်စဉ်တွေထဲ က ဆရာမ တစ်ယောက်ယောက်သာ ဝန်ကြီးချုပ်ရဲ့.. သွေးသား ရင်းခြာ သမီးရင်း ဖြစ်နေရင် ဘယ်လို စကားမျိုး ပြောမလဲ ဆိုတာပဲ ။။။

Credit : Linn Thu Paing

admin

x