မြန်မာအိုင်ဒေါမှာ နောက်တစ်ဆင့်ကိုတက်လှမ်းသွားပြီဖြစ်တဲ့ပရိသတ်အားပေးမှုအများဆုံး မိန်းကလေးအဆိုရှင်(၂)ဦး

လက်ရှိအချိန်မှာလူစိတ်အဝင်စားဆုံးအဆိုပြိုင်ပွဲကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲဖြစ်လို့နေမှာပါ။ပဏာမရွေးချယ်ပွဲပြီးနောက်နောက်ထပ်တစ်ဆင့်ကိုတော့ရောက်ရှိလာပါပြီ။ဒီတစ်ခေါက်ကတော့ Golden Ticket ပိုင်ရှင်များရဲ့ Theater Round 1 ဖြစ်ပါတယ်။

ဒီတစ်ခေါက်ယှဉ်ပြိုင်မှုဟာပိုမိုပြင်းထန်လာတာဖြစ်ပြီး ပြိုင်ပွဲဝင်တော်တော်များများလည်း စိတ်မကောင်းစွာနဲ့ထွက်ခွာရတော့မှာပါ။အားပေးသူပရိသတ်တွေအထူးရင်ခုန်ရတဲ့ပွဲလို့လည်းဆိုရမှာပါ။လက်ရှိအချိန်မှာရေပန်းစားနေသူ အဆိုရှင်များစွာရှိပြီးအဲ့ဒီအထဲကမိန်းကလေး(၂)ဦကတော့ Winner အထိတောင်မှ ပရိသတ်တွေကထင်ကြေးပေးနေကြတာပါ။ဝက်ဝက်ကွဲအားပေးခံရတဲ့ သူတို့နှစ်ဦးကတော့ ချင်းမလေးအက်စသာဒေါ့ချင်းဆုန်နဲ့ ကလေးသရုပ်ဆောင်အဖြစ်ရင်းနှီးခဲ့ဖူးတဲ့ အေးမြဖြူပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်ယှဉ်ပြိုင်မှုမှာထွက်ခွာသွားတဲ့သူတွေများနေပေမဲ့ သူတို့နှစ်ဦးကတော့ နောက်တစ်ဆင့်တက်လှမ်းသွားခဲ့ပါပြီ။မြန်မာအိုင်ဒေါမှာ အနိုင်ရရှိဖို့အိမ်မက်တွေမက်ထားကြတဲ့သူတို့နှစ်ဦးရဲ့ကြိုးစားမှုဟာပရိသတ်ကိုစိတ်မပျက်သွားစခေဲ့ပါဘူး။အနိုင်ရရှိသွားတဲ့ ဆုန်ဆုန်နဲ့အေးမြဖြဖူတို့အတွက် Congradulations ပါပဲနော်….။

Source:MyanmarIdol
Sweet – CeleGabar

admin

x