ရှုတင်မှာနေမကောင်းလို့ငြိမ်နေတဲ့ဘုန်းမင်းနေလကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ သဇင်ထူးမြင့်

ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ပရိသတ်ကြီးရဲ့အချစ်တွေကို ဖမ်းစားထားသူလေးကတော့ သရုပ်ဆောင်ခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်ပါ။ သူမဟာ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရွှေကြိုအဖြစ်ပါဝင်ဆောင်ရွက်ရာမှ အနုပညာလောကသို့ ဝင်ရောက်လာတာပါ။ သူမရဲ့အနုပညာအရည်အသွေးဟာလည်း တစ်နေ့ထက်တစ်နေ့ တိုးတက်လာတာပါ။

လတ်တလောမှာလည်း ကြော်ငြာများနဲ့ အလှဓာတ်ပုံများရိုက်ကူးနေတာပါ။ မကြာခင်မှာလည်း သရုပ်ဆောင်လုပ်ဖို့အစီစဉ်ရှိတာလည်း ဖြစ်ပါတယ်။ သူမရဲ့အသားအရည်ဟာလည်း ကိုရီးယားမင်းသမီးလေးလို့ထင်မှတ်ရလောက်အောင် လှရက်နိုင်တာကြောင့်လည်း မိန်းကလေးတွေကပါ အားကျနေရတာပါ။

အခုမှာလည်း ဘုန်းမင်းနေလနဲ့အတူ ကြော်ငြာရိုက်ကူးနေတာပါ။ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုလေးကိုတော့သူမရဲ့ Facebook Myday တွင်တင်ထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source- Thazin Htoo Myint’s Facebook

admin

x