ခင်ပွန်းနဲ့တူတဲ့ သမီးငယ် သစ်တုတ်လေးအကြောင်း ပြောလာတဲ့ မေမေ ချစ်သုဝေ

သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ ချစ်စရာကောင်းတဲ့ အမြွာသမီးလေးနှစ်ဦးနဲ့အတူ အနုပညာအလုပ်တွေလုပ်ရင်း ဘဝကိုပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေတာပါ။ လတ်တလောမှာတော့ မေမေ ချစ်သုဝေက ခင်ပွန်းဖြစ်သူနဲ့ ချွတ်စွပ်တူတဲ့ သမီးငယ် သစ်တုတ်လေးအကြောင်း ပြောလာတာ တွေ့ရပါတယ်။ သစ်တုတ်လေးကတော့ အဖေဖြစ်သူ လင်းလင်းနဲ့တူလို့ စကားနည်းပြီး နားလည်ရခက်တယ်လို့ ချစ်စဖွယ်လေး ပြောပြထားတာပါ။

ချစ်ပရိသတ်တွေအတွက် ခင်ပွန်းဖြစ်သူနဲ့ ချွတ်စွပ်တူနေတဲ့ သမီးငယ်လေးအကြောင်းကို ပြောပြလာတဲ့ မေမေ ချစ်သုဝေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေမေ ချစ်သုဝေကတော့ “သစ်လေးကစကားနည်းတယ်..သူလေးကနားလည်ရလည်းခက်တယ် အဖေတူလေး မတူတာဆိုလို့ ကိုယ်နဲ့တူပြီးချောနေတာလေးရယ်ပဲ😂🤪နာမည်လေးတောင်ထပ်ပေးထားသေး.. “မှုံနံသာခင်ခင်လေး” ခေါ် “ချောချာမှုန်” ဆောင်ပုဒ်လေးကိုလည်းတစ်ချက်ရှိုး 😎” ဂျီဂျစ်မှာ ဘုရင် “မယ်သစ်” ပင်”” ဆိုပြီး ခင်ပွန်းဖြစ်သူနဲ့တူတဲ့ သစ်လေးအကြောင်း ပြောလာတာပါ။

အနေအေးပြီး အမြဲတွေးနေတတ်တဲ့ ချစ်စရာ သစ်တုတ်လေး

အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ ဖေဖေ၊ မေမေတို့ထက်တောင် ချစ်ခင်သူတွေ ပိုများတဲ့ ဆယ်လီမီးမီးလေးတွေကတော့ မိဘနှစ်ပါးနဲ့တူလို့ ဂီတကို ဝါသနာပါကြတာလည်း တွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း ခင်ပွန်းနဲ့တူတဲ့ သမီးငယ်ကို ချစ်မဝဖြစ်နေတဲ့ ချစ်သုဝေကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Chit Thu Wai’s Facebook

admin

x