သီတင်းကျွတ်အခါသမယမှာ မိသားစုဝင်အချင်းချင်း တစ်လှည့်စီပြန်ကန်တော့ခဲ့ကြတဲ့ မခိုင်လေးတို့မိသားစုလေး

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်ကြာအောင် နာမည်တစ်လုံးနဲ့ ရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေလည်း ဆွတ်ခူးရရှိခဲ့ပြီး လက်ရှိမှာလည်း အနုပညာအလုပ်တွေ လုပ်ကိုင်နေတဲ့ ခိုင်သင်းကြည်က မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ ဘဝလေးကို ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ မခိုင်လေးက ပျော်ပျော်နေတတ်ပြီး စိတ်သဘောထားကောင်းတာကြောင့် အားလုံးကချစ်ခင်နေရတာ ဖြစ်ပါတယ်။ အခုလည်း မခိုင်လေးတို့မိသားစုက အခုလိုသီတင်းကျွတ်အခါသမယလေးမှာ မိသားစုဝင်အချင်းချင်း တစ်လှည့်စီ ပြန်ကန်တော့ဖြစ်ခဲ့ကြပါတယ်။ မခိုင်လေးကိုယ်တိုင်ကလည်း လူကြီးမိဘတွေနဲ့အတူ ချစ်ခင်ပွန်းကိုပါ ဂါဝရပြုကန်တော့ခဲ့တာ ဖြစ်ပါတယ်။

မခိုင်လေးက ” အိမ်ထဲမှာပဲ တစ်လှည့်စီ ပြန်ကန်တော့နေကြတာ ” ဆိုပြီး သူမတို့မိသားစုရဲ့ပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ မခိုင်လေးတို့မိသားစုရဲ့သီတင်းကျွတ်အမှတ်တရ ပုံရိပ်လေးတွေကတော့ မြင်ရသူတိုင်းကိုပါ ကြည်နူးပီတိဖြစ်စေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော ခိုင်သင်းကြည်တို့မိသားစုလေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit – Khine Thin Kyi’s FB

admin

x