အောင်လအန်ဆန်နဲ့ ဘရန်ဒန်ဗဲရာ ကွင်းထဲမှာ ထိပ်တိုက် တွေ့ကြပြီ

ONE ချန်ပီယံရှစ်ရဲ့ ပွဲ ရာပြည့် အထိမ်းအမှတ် Century အထူးပွဲကို တိုကျို မြို့တော် မှာ စီစဉ်ထားတဲ့ အတိုင်း အောက်တိုဘာ ၁၃ မှာ ကျင်းပနေပါတယ်။ ညနေပိုင်းပွဲစဉ် နောက်ဆုံးပွဲ မှာတော့ ONE ရဲ့ လိုက်ဟဲဗီးဝိတ်နဲ့ မစ်ဒယ်ဝိတ် နှစ်ထပ်ကွမ်း ကမ္ဘာ့ ချန်ပီယံ မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ သူ့ရဲ့ လိုက်ဟဲဗီးဝိတ် ရွှေခါးပတ် ကာကွယ်ပွဲ အဖြစ် ONE ရဲ့ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ဘရန်ဒန်ဗဲရားကို ယှဉ်ပြိုင် ထိုးသတ်ရတော့မှာပါ။ အောင်လနဲ့ ဘရန်ဒန်ပွဲ ပြိုင်ပွဲကြီး တစ်ခုလုံးရဲ့ အဓိက ခေါင်ပွဲ ဖြစ်ပါတယ်။

အခု အောင်လအန်ဆန်တို့ တွဲဆိုင်း အပါအဝင် အဓိက ပွဲ ထိုးသတ်ကြသူများကို ကွင်းအတွင်းမှာ မိတ်ဆက်ပေးသွားပြီး အဓိက ပွဲစဉ်များ ဆက်လက် ထိုးသတ်နေကြပါတယ်။ အောင်လအန်ဆန်နဲ့ ဘရန်ဒန်ဗဲရာတို့ကတော့ နောက်ဆုံး ပွဲစဉ် ဖြစ်ပါတယ်။

အောင်လန်အန်ဆန် ပွဲရလဒ်နဲ့ ယှဉ်ပြိုင် ထိုးသတ်မှုကိုလည်း အချိန်နဲ့ တပြေးညီ တင်ဆက် ပေးသွားပါမယ်။

Credit-ဘီဘီစီ

admin

x