သီတင်းကျွတ်မှာ ချစ်သူဖြိုးလေးကို လက်ဆယ်ဖြာမိုးပြီး ကန်တော့ခဲ့တဲ့ ဝါဆိုမိုးဦး

အနုပညာကို ချစ်မြတ်နိုးလွန်းလို့ အကောင်းဆုံးကြိုးစားနေတဲ့ အဆိုတော် မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေလုပ်ရင်း အေးချမ်းတည်ငြိမ်တဲ့ ဘဝကို ဖန်တီးပုံဖော်ထားတာပါ။ လတ်တလောမှာတော့ ချစ်သူဖြိုးလေးကို အားကိုးတကြီးနဲ့ ချစ်တတ်လွန်းတဲ့ ဝါဆိုက သီတင်းကျွတ်မှာ ချစ်သူအပေါ် မှားခဲ့တာတွေ ဝန်ချတောင်းပန်ပြီး ကန်တော့ခဲ့တဲ့ ပုံရိပ်လေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ဝါဆိုမိုးဉီးနဲ့ ဖြိုးလေးတို့ရဲ့ ပုံရိပ်တွေကတော့ တကယ့်ကို ချစ်ဖို့ကောင်းလွန်းလှပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် သီတင်းကျွတ်မှာ ချစ်သူအပေါ် မှားခဲ့တာတွေရှိရင် ခွင့်လွတ်ပေးဖို့ လက်ဆယ်ဖြာမိုးပြီး ကန်တော့ခဲ့တဲ့ ဝါဆိုမိုးဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝါဆိုမိုးဦးကတော့ “ကို့ အပေါ် ကာယကံ ဝစီကံ မနောကံ နဲ့ ပစ်မှားမိခဲ့ရင် ကန်တော့တောင်းပန်ပါတယ် 🙏🏻🙏🏻🙏🏻” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်မှာ ကြည်နူးပီတိဖြစ်စွာ ဝေမျှပေးထားတာပါ။ ဝါဆိုမိုးဦးကတော့ တကယ့်ကို သိတတ်လိမ်မာလွန်းတဲ့ ချစ်သူလေးပါပဲနော်။

ဝါဆိုကတော့ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းမှာသာမကပဲ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဝါဆိုမိုးဦးကတော့ ချစ်သူဖြိုးလေးနဲ့အတူ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပျော်ရွှင်စရာအချစ်ခရီးလမ်းကို အတူဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို လိမ္မာလွန်းတဲ့ ချစ်သူကောင်မလေးကို ပိုင်ဆိုင်ထားတဲ့ ဖြိုးလေးကိုအားကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Warsoe Moe Oo’s Facebook

admin

x