လပြည့်ညမှာ ဒိုင်ပွဲရပ်နဲ့ ဘရန်ဒန်ဗဲရာကို အလဲထိုးပြီးအနိုင်ယူလိုက်တဲ့ အောင်လရဲ့ ဗီဒီယို

ONE ချန်ပီယံရှစ် ရဲ့ ပွဲ ၁၀၀ ပြည့် အထိမ်းအမှတ် အထူးပွဲ အဖြစ် ဂျပန် နိုင်ငံ တိုကျို မြို့တော်မှာ ကျင်းပတဲ့ Century ပြိုင်ပွဲကြီးရဲ့ ခေါင်ပွဲ အဖြစ် မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန် က စိန်ခေါ်သူ ဘရန်ဒန်ဗဲရာ ကို အနိုင်ယူပြီး သူ့ရဲ့ လိုက်ဟဲဗီးဝိတ်တန်း ရွှေခါးပတ်ကို ကာကွယ် လိုက်နိုင်ပါပြီ။

ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီပွဲမှာ နှစ်ယောက်လုံး လက်သီးထိုး အဓိက ကစားသွားကာ မတ်တပ်ရပ်ပြီး ထိုးသတ်သွားခဲ့ကြပါတယ်။ ပထမ အချီမှာ သူတပြန် ကိုယ် တပြန် ဖြစ်ခဲ့ပြီး အောင်လအန်ဆန် ဖင်ထိုင်ကျသွားတဲ့ အနေအထားတွေ လည်း ဖြစ် ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အောင်လအန်ဆန်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ထိန်းနိုင်ခဲ့ပါတယ်။

ပွဲစဉ် တလျှောက် နှစ်ဖက် အပြင်းအထန် လက်သီးတွေ သုံးခဲ့ကြပြီး ဒုတိယ အချီမှာ အောင်လက ပိုပြီး လက်သီးထိုး အသာ ရခဲ့ပြီး တံတောင် နဲ့ နောက်ပြန် တွတ် ချက် တစ်ခုက ဘရန်ဒန်ဗဲရာ ကို မူးဝေသွားစေခဲ့ပါတယ်။ အဲဒီမှာ ဘရန်ဒန်က တန်ပြန် ထိုးဖို့ ကြိုးစားခဲ့ပေမယ့် မခံနိုင်တော့ဘဲ လဲကျသွားခဲ့ပါတယ်။ အဲဒီအခါ အောင်လအန်ဆန်က လိုက်ပြီး ဖိထိုးချိန်မှာ ဒိုင်က ပွဲရပ် ပြီး အောင်လကို အနိုင်ပေးခဲ့ပါတယ်။

#ဘီဘီစီမြန်မာပိုင်း

admin

x