ဘရန်ဒန်ဗဲရာကို အလဲထိုးနိုင်ခဲ့တဲ့ အောင်လအန်ဆန်ရဲ့ အောင်ပွဲခံ စကားမှာ ဘာတွေ ပြောသွားလဲ

🇲🇲🇲🇲💪💪 မြန်မာ့ ဂုဏ်ဆောင် အောင်လအန်ဆန်ကတော့ စိန်ခေါ် ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗဲရာကို ဒုတိယအချီမှာတင် အနိုင်ယူခဲ့ပါပြီ။ အကြိတ်အနယ် ထိုးသတ်ခဲ့ကြပြီး အောင်လက သူ့ရဲ့ အားသန်တဲ့ ဒူးတိုက်ချက်တွေကို ကာကွယ်နိုင်ခဲ့ပြီး အကောင်းဆုံး ဖိအားပေး ထိုးသတ်ခဲ့တာပါ။ ပထမချီတွေမှာသာ အနိုင်ယူပြီး ချန်ပီယံဖြစ်ထားတဲ့ ဘရန်ဒန်အတွက် ဒုတိယအချီမှာ အောင်လရဲ့ ထိုးကွက်တွေကို မထိန်းနိုင်ဘဲ ရုန်းကန်ခဲ့ရတာပါ။

အထူးသဖြင့် အောင်လရဲ့ တံတောင်ချက်ကို မိသွားပြီးနောက် လဲကျသွားတာက ဘရန်အတွက် ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။ အပေါ်ကနေ အသာစီးနဲ့ ဘယ်လက်သီး ထိုးသွင်းချက် အများကြီး ထိုးပြီးတဲ့ အချိန်မှာ ဒိုင်လူကြီး ဖြစ်သူက အောင်လကို ထိုက်ထိုက်တန်တန် အနိုင်ပေးခဲ့တာပါ။ ကျွန်တော့် မြန်မာ့နိုင်ငံရဲ့ ဂုဏ်ဆောင်ကြီးကတော့ သူ့အလုပ်ကို သူလုပ်ပြီး အကောင်းဆုံးဆိုတာကို ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အောင်လအတွက် လိုက်ဟဲဗီးဝိတ်တန်းမှာ ပထမဆုံးအကြိမ် ကာကွယ်ပွဲ ထိုးသတ်ခဲ့တာဖြစ်ပြီး လာရောက် အားပေးကြတဲ့ မြန်မာ့ပရိသတ်တွေကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ONE ချန်ပီယံရှစ်ရဲ့ ရာပြည့် အထူးပွဲမှာ ရှုံးပွဲ မရှိသေးတဲ့ အင်အားကြီး ပြိုင်ဘက်ကို အနိုင်ယူပြီး သူ့ရဲ့ နှစ်ထပ်ကွမ်း ရွှေခါးပတ် ချန်ပီယံ ဂုဏ်ပုဒ်ကို ထိန်းခဲ့နိုင်လို့ အောင်လအန်ဆန်ရဲ့ ONE ချန်ပီယံရှစ်ရဲ့ အကောင်းဆုံး ဖိုက်တာ တစ်ယောက် ဖြစ်လာခဲ့ပါပြီ။

Video ကြည့်ရန်

Source : BBC

admin

x