လပြည့်နေ့ညလေးမှာ မီးရှုးမီးပန်းတွေဖောက်ရင်း ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ နေတိုး

နိုင်ငံကျော် မင်းသားချော တစ်ဦးဖြစ်တဲ့ နေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာမို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို တစ်ခဲနက် ခံရသူ တစ်ဦးပါ။ နေတိုးက သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အကယ်ဒမီဆုကြီး သုံးဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားပြီး အောင်မြင်မှုတွေ တစ်ရှိန်ထိုး ရရှိနေတာ ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေလျက် ရှိပါတယ်။

ဒီကနေ့ မြန်မာတို့ရဲ့ နေ့ထူးနေ့မြတ်လေးဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာတော့ ပရိသတ်တွေအားလုံး ချစ်ကြတဲ့နေတိုးက မီးရှုးမီးပန်းတွေဖောက်ရင်း ပျော်ရွှင်စွာဖြတ်သန်းနေတာကို တွေ့ရပါတယ်။

ပရိသတ်တွေအတွက် နေတိုးရဲ့ သီတင်းကျွတ်လပြည့်နေ့ အမှတ်တရ ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပျော်စရာကြီးနော် 😍😍😍

အသက် (၃၈) နှစ်ကျော်နေပြီဖြစ်တဲ့ မင်းသညးချောနေတိုးက ဒီအရွယ်ထိတိုင် အိမ်ထောင်မပြုသေးပဲ ချစ်ရတဲ့ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့သာ အချိန်ကုန်ဆုံးနေလျက်ရှိပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ဗီဒီယိုလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲနော်။

Source : momolay

admin

x