အဆင်မပြေချိန် တက်စီမောင်းပြီး ကျောင်းထားပေးခဲ့တဲ့ မိဘ (၂) ပါးကို တစ်ယောက် သိန်း (၈၀) စီကန်တော့ခဲ့တဲ့ ဟိန်းမင်းသူ

အဆိုတော်ဟိန်းမင်းသူကတော့ ကြည့်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ စွဲမက်စရာ အသံချိုချိုလေးကို ပိုင်ဆိုင်ထားတာကြောင့်နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ မိဘကိုလည်း အရမ်းသိတတ်တဲ့ ဟိန်းမင်းသူကတော့ လတ်တလောမှာ မိဘနှစ်ပါးကို သူ့ရဲ့အနုပညာကြေးထဲက တစ်ယောက် သိန်း (၈၀)စီ ကန်တော့ခဲ့တဲ့အကြောင်း ပရိသတ်တွေကိုဝေမျှပေးထားတာတွေ့ရပါတယ်။ အဆိုတော်ဟိန်းမင်းသူရဲ့ မိဘအပေါ် သိတတ်လိမ္မာမှုကတော့ ပရိသတ်တွေကိုပါ ကြည်နူးမှုတွေ ကူးစက်စေပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် ကျေးဇူးကြီးမားတဲ့ မိဘနှစ်ပါးအပေါ် တတ်နိုင်သလောက် ကန်တော့ရင်း ကျေးဇူးဆပ်လိုက်တဲ့ အဆိုတော်ဟိန်းမင်းသူရဲ့ အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော်။

ဟိန်းမင်းသူကတော့ “ကျွန်တော်မချမ်းသာပါဖူး ဒါပေမယ့် ကျွန်တော်တို့အဆင်မပြေတဲ့အချိန် Taxi ကားမောင်းပြီး ကျောင်းထားပေးခဲ့တဲ့အဖေနဲ့ အမြဲ ထမင်းသုံးနပ်မငတ်အောင် အမြဲကျွေးမွေးတဲ့ အမေ တို့ကိုတော့ စိတ်ချမ်းသာအောင်ထားနိုင်ပါတယ်ဒီနေ့သီတင်းကျွတ်လပြည့်နေ့မှာ ကျွန်တော်ရတဲ့အနုပညာကြေးတွေစုထားတဲ့ထဲက တစ်ယောက် ကို ငွေသိန်း၈၀ နဲ့ကန်တော့ ခဲ့ပါတယ်ကျေးဇူပါ ပါပါးနဲ့မာမား ❤️” ဆိုပြီး သူ့ရဲ့ ကုသိုလ်လေးကို ဝေမျှပေးထားတာပါ။

ဟိန်းမင်းသူကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး ပရိသတ်တွေအတွက်အသစ်အသစ်သောအနုပညာတွေ ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ရိုက်ကူးရေးတွေ လုပ်နေရတဲ့ ဟိန်းမင်းသူကတော့ ထိုင်းမလေးတွေရဲ့ အသည်းကျော်လေး ဖြစ်လာဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ချစ်ပရိသတ်တွေလည်း မိဘအပေါ်သိတတ်တဲ့ သားလိမ္မာလေး ဟိန်းမင်းသူရဲ့ စိတ်ဓာတ်ကို သဘောကျရင်share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-မိုမိုလေး

admin

x