ဆုကြေးငွေအပြင် တိုက်ခန်းတစ်ခန်းကိုပါ ဆုအဖြစ်တိုးမြှင့်ပေးသွားမယ့် Myanmar idol (Season-4)

အခုဆိုရင်တော့ Top 11 ရွေးချယ်ပြီးခဲ့ပါပြီ။
Myanmar idol (Season-4) ကတော့ များပြားလွန်းလှတဲ့ ဆုကြေးတွေအပြင် အိပ်ခန်း ၂ခန်းပါ တိုက်ခန်းတစ်ခန်းကိုလည်း ဆုကြေးအဖြစ် ထပ်မံ တိုးမြှင့်လိုက်ပြီဖြစ်ပါတယ်။ Voting စနစ်တွေကိုလည်း သေသေချာချာ စိစစ်သွားမယ်လို့လည်း CEO ဖြစ်တဲ့ ဒေါ်နန်းမောက်လောက်ဆိုင်က ပြောပါတယ်။

Myanmar idol (Season-4) ရဲ့ Final ပွဲစဉ်နဲ့ ပတ်သက်ပြီး စာနယ်ဇင်း မိတ်ဆက်ပွဲကိုတော့ အောက်တိုဘာလ ၂၆ ရက်နေ့က Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ Top-11 ရွေးချယ်ခဲ့ပြီးပြီလို့ သိရပါတယ်။ ပရိသတ်တွေအနေနဲ့ ပေးရမယ့် Voting စနစ်တွေကိုလည်း အမှားအယွင်းမရှိအောင် ဆောင်ရွက်ထားတယ်လို့ CEO ဖြစ်သူ ဒေါ်နန်းမောက်လောက်ဆိုင်က မီဒီယာပွဲမှာ ပြောပြခဲ့ပါတယ်။

‘’ Season -4 အတွက် တည်ဆောက်ထားတဲ့ Voting စနစ်တွေကို တစ်ခုမှ မမှားရအောင် သေသေချာချာ ကိုယ်ရွေးချယ်မယ့် idol ဖြစ်ဖို့အတွက်အားလုံး သေချာကြည့်ပြီးတော့ Page တွေမှာလည်း လေ့လာပါ။ သေသေချာချာရွေးချယ်ပေးပါ။ Voting တွေပေးရင်း Fan တွေ အချင်းချင်းရန်ဖြစ်တာလည်း မလိုလားပါဘူး။ ကလေးတွေက ဝါသနာရှင်ကနေ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့၊ တေးသံရှင်တစ်ယောက်ဖြစ်ဖို့၊ နိုင်ငံကျော်တစ်ယောက်ဖြစ်ဖို့၊ ကမ္ဘာကျော်တစ်ယောက်ဖြစ်ဖို့ အတွက် ဒီအပေါ်မှာ အခြေခံပြီးတော့ ဘဝအတွက်လည်း သက်ဆိုင်ပါတယ်’’ လို့ သူကဆိုပါတယ်။

Myanmar idol Season 4 မှာလည်း Season 1 ကနေ 3 အထိ ဆုကြေးတွေလိုမဟုတ်ပဲ ဆုကြေးငွေ ထပ်မံတိုးမြှင့်လာတယ်လို့ ဒေါ်နန်းမောက်လောက်ဆိုင်က ပြောပါတယ်။

‘’ဆုကြေးအနေနဲ့ကတော့ မိုးမြန်မာ ကုမ္မဏီကနေပြီးတော့ ဆုကြေးငွေ သိန်း ၅၀၀ ချီးမြှင့်မှာဖြစ်ပါတယ်။ အဲဒါအပြင် Solo album ထုတ်ပေးပါမယ်။ ပြီးတော့ ဝမ်းသာစရာတစ်ခုက City life ကနေပြီးတော့ ၂ Badroom တိုက်ခန်းတစ်ခန်း ထပ်ပြီးတော့ ပေးမှာဖြစ်ပါတယ်။ Offical Smart Phone ဖြစ်တဲ့ Oppo ကလည်း သိန်း ၂၀၀ ထပ်ချီးမြှင့်မှာဖြစ်ပါတယ်။ ဒါကတော့ လောလောဆယ်အတွက် သေချာတဲ့ဆုတွေကို အစ်မက ကြေညာပေးတာပါ’’ လို့ ဆိုပါတယ်။

ဒေါ်နန်းမောက်လောက်ဆိုင် Myanmar idol Season 4 ရဲ့ Winner ဖြစ်လာမယ့် အဆိုရှင်တစ်ယောက်အနေနဲ့ ဘဝအတွက် အိပ်မက်တွေကို ကောင်းမွန်စွာအကောင်အထည်ဖော်နိုင်ပါစေလို့လည်း ဆက်လက် ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ Winner ဖြစ်လာတယ်ဆိုရင်လည်း ဆုကြေးတွေ အပေါ်မှာ မသာယာပါနဲ့။ ဒီဆုကြေးနဲ့ နောက်ထပ်လုပ်ရမှာတွေ အများကြီးရှိသေးတယ်။ ဘဝတက်လမ်းအတွက်လည်း ကြိုးစားရမယ်။ အိပ်မက်တွေ အများကြီးလည်း မက်ခွင့်ရတဲ့အတွက်ကြောင့်ရော အိပ်မက်တွေကို ဖန်တီးပေးကြတဲ့ သူတွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ Myanmar idol ကလည်း အားလုံးကို ကြိုဆိုနေပါတယ်။’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၆ ရက်နေ့က Myanmar idol season 4 မိတ်ဆက်ပွဲမှာ ပြောပြခဲ့ပါတယ်။

Myanmar idol Season 4 ရဲ့ Top 11 တွေကတော့ အေးမြဖြူ ၊ အက်စတာဒေါ့ချင်းဆုန်၊ ဘင်ဂျမင်၊ ယော်ကီး၊ ခြူးစစ်ဟန်၊ စောခရစ်မူးလာ၊ နော်စေးစေးထူး၊ နှင်းအိအိဝင်း၊ ထက်အဉ္စလီ၊ တန်ခွန်ကျော်နဲ့ စနေလင်းကျော်တို့ပဲဖြစ်ပါတယ်။ ဒီ ၁၁ ယောက်ရဲ့ ပြိုင်ပွဲကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့ ည ကစပြီး စတင် အားပေးလို့ ရပြီလို့ သိရပါတယ်။ Myanmar idol (Season 1) မှာတော့ စောလားထော်ဝါးက Winner ဆုရရှိခဲ့ပါတယ်။ Season 2 မှာတော့ သားငယ်က Winner ဆုရရှိခဲ့တာပါ။ Season 3 မှာတော့ ဖြိုးမြတ်အောင်က Winner ဆု ရရှိခဲ့တာဖြစ်ပါတယ်။

Source : Cele Yatkwat

admin

x