ရန်သူတွေအဖြစ် သရုပ်ဆောင်ကြရမယ် လို့ ပြောလာတဲ့ ဧငြိမ်းဖြူ နဲ့ စောယုနန္ဒာ တို့ညီအစ်မ နှစ်ယောက်

Last modified date

လူငယ်ပရိသတ်တွေ အရမ်းချစ်စရာကောင်းတဲ့ သရုပ်ဆောင် ဧငြိမ်းဖြူ ဟာဆိုရင် တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ အမိုက်စား ပုံရိပ်ကလေးတွေကို လူမှု့ကွန်ယက်မှာ ချပြလေ့ရှိပါတယ်။ ဧငြိမ်းဖြူ နဲ့ ချစ်သူ အဆိုတော် ရဲရင့်အောင် တို့က ဖေ့စ်ဘွတ်ပေါ်မှာ ကြည်နူးစရာကောင်း တဲ့ ပုံလေးတွေကိုလည်း ဖော်ပြလေ့ရှိတာကြောင့် ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို အားပေးချစ်ခင်နေကြတာပါ။

သရုပ်ဆောင် ဧငြိမ်းဖြူက အမိုက်စား ပုံရိပ်ကလေးတွေနဲ့ သူ့ရဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားသူ ဖြစ်သလို သူမက “A” ဆိုတဲ့ရုပ်ရှင်ကားကြီး ကို ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ ဧငြိမ်းဖြူကတော့ ထိုဇာတ်ကားထဲမှာ အမဖြစ်သူ စောယုနန္ဒာနဲ့ အပြိုင် တစ်ယောက်နဲ့ တစ်ယောက် မတည့်ကြတဲ့ ရန်သူတွေအဖြစ် သရုပ်ဆောင်ကြရမှာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် “တစ်စုံတစ်ယောက်” ရုပ်ရှင်ဇာတ်ကားမှာ တစ်ယောက်နဲ့ တစ်ယောက် မတည့်ကြတဲ့ ရန်သူတွေ အဖြစ် သရုပ်ဆောင်ကြရမယ် လို့ ပြောလာတဲ့ သရုပ်ဆောင် ဧငြိမ်းဖြူ ၊ စောယုနန္ဒာ တို့ ညီအစ်မ နှစ်ယောက်ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Video credit : MC

admin

x