ဗိုက်ခွဲထားတဲ့ ဒဏ်ရာကြီးနဲ့ ဆေးဖိုးမရှိလို့ ဈေးထွက်ရောင်းနေတဲ့ အဘိုးအိုကို ကူညီခဲ့တဲ့ ဟိန်းမင်းသူ

Last modified date

ဗလတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်နဲ့ အရမ်းကို ကြည့်လို့မိုက်တာကြောင့် နှုတ်ခမ်းနီမလေးတွေ သဲသဲလှုပ်ကြွေကြတဲ့ ဟိန်းမင်းသူကတော့ အဆိုပိုင်းမှာလည်း ထူးချွန်သူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဟိန်းမင်းသူက ဗိုက်ခွဲထားတဲ့ ဒဏ်ရာကြီးနဲ့ ဆေးဖိုးမရှိလို့ ဖွဲပြာအလေးကြီးတွေသယ်ပြီး ဈေးထွက်ရောင်းရင်း မူးလဲမလိုဖြစ်နေတဲ့ အဘကြီးတစ်ယောက်ကို သူတတ်နိုင်သလောက်လေး ကူညီခဲ့တဲ့အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို စိတ်ထားကောင်းလွန်းတဲ့ ဟိန်းမင်းသူရဲ့အပြုအမူကတော့ တကယ့်ကို လေးစားစရာပါပဲနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို အခက်အခဲဖြစ်နေတဲ့ အဘကြီးတစ်ယောက်ကို အလှူငွေတွေ ပေးလိုက်တဲ့အပြင် ဆေးရုံကိုပါ Taxi ငှားပေးလိုက်တဲ့ ဟိန်းမင်းသူရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဟိန်းမင်းသူကတော့ “ကျွန်တော်ဒီနေ့အပြင်သွားခါနီး အိမ်ကဘထွက်လာတော့ အဘိုးအိုတစ်ယောက်ဖွဲပြာတွေအလေးကြီးသည်ပြီး မူးမလိုဖြစ်လို့ ဘဏ်က လုံခြုံရေးအစ်ကိုတွေတွဲနေတာမြင်တော့ ဘာဖြစ်လို့လဲ ဝင်မေးမိတယ် အကြောင်းကတော့ အဘိုးက သူ အူဖြတ်ထားရတယ်တဲ့ သူ ဆေးဖိုးမရှိလို့ဈေးထွက်ရောင်းနေတာတဲ့ အဲ့တော့ ကျွန်တော်လဲမေးလိုက်မိတယ် အဘဈေးဖိုး ဘယ်လောက်လိုတာလဲဆိုတော့ ၃သောင်းခွဲတဲ့ ဒီ ပိုက်ဆံဆိုအခု ကူညီလို့ ရတာဘဲ ဆိုပြီးနီးစပ်ရာATM မှာငွေထုတ်ပြီးငွေလေးသာင်း လှူလိုက်တယ် ဘေးက သူတွေကတော့ ဗိုက်ကိုလှန်ပြတယ်တဲ့ ခွဲရာအကြီးကြီးဘဲတဲ့ ပြီးတော့မုန့်ပါတယ်ဆိုပြီးမုန့်လေးတွေထုတ်ပြတယ် အဲ့အဘက ကျွန်တော့်အဘိုးလောက်ရှိပြီ ထပ်ကူညီချင်လို့ အဲ့တော့ အဘဆက်သွယ်ရမယ့်ဖုန်းလေးပေးပါလားဆိုတော့ ဖုန်းမရှိဖူးတဲ့ ဒါဖြင့်လိပ်စာလေးတောင်းထားလိုက်တယ်

လိပ်စာက လှိုင်သာယာ၁၆ရပ်ကွက်မစီကုန်းရပ်ကွက် ဦးကျော်အေးနေအိမ်နောက်ဖေး အဘနာမည်က ဦးအေးလွင်နောက်တော့သူ့ ဖွဲပြာတွေအဘ အရမ်းလေးတယ်ထားခဲ့ပါလို့ပြောပြီးသူ သွားမယ့် လှိုင်သာယာ အရေးပေါ်ကို Taxi လိုက်ဌားပေးပြီး Taxi အစ်ကိုကို သေချာ ပို့ဖို့ပြောပေးလိုက်တယ် အသက်တစ်ချောင်းဆိုတာ အမြဲကယ်ကောင်းပါတယ် ငါသာသူဆိုတဲ့ကိုယ်ချင်းစာတရားအမြဲထားတယ် ကျွန်တော့် ပရိတ်သတ်တွေထဲကဖြစ်ဖြစ်ဒီ Post ကို မြင်တဲ့သူ လေးတွေ ဖြစ်ဖြစ် လှူချင်ရင်လှူလို့ရအောင် အဘိုးရဲ့လိပ်စာလေးပါတင်ပေးလိုက်ပါတယ် Share ခြင်းဖြင့် ဒီအဘ လှူချင်တဲ့သူတွေ သိနိုင်ကြပါစေ” ဆိုပြီး သူပြုလုပ်ခဲ့တဲ့ ကြည်နူးစရာအလှူလေးကို ဝေမျှပေးခဲ့တဲ့အပြင် အဆိုပါ အဘကို ကူညီချင်သူတွေလည်း ကူညီလို့ရကြောင်း တိုက်တွန်းထားပါသေးတယ်။

အနုပညာကို ရူးသွပ်လွန်းတဲ့ ဟိန်းမင်းသူကတော့ အမြဲလိုလို အသစ်အသစ်သော အနုပညာတွေကို ဖန်တီးဖြစ်နေပြီး ပရိသတ်တွေအတွက် ကြိုးစားနေတာပါ။ ချစ်ပရိသတ်တွေလည်း အရမ်းကို နူးညံ့ကြင်နာတတ်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ ဟိန်းမင်းသူကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Hein Min Thu’s Facebook

admin

x