ကိုးတန်းကျောင်းသူသမီးအရင်းအား အကြိမ်ကြိမ်သားမယားပြုကျင့်သည့်ဖခင်ကိုဖမ်းဆီးထား

Last modified date

မွန်ပြည်နယ် သထုံမြို့၊ဘင်လှိုင်ရပ်ကွက်နေ ကိုးတန်းကျောင်းသူ အသက် ၁၇ နှစ်အရွယ်သမီးအရင်း အား သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်သည့် ဖခင်ဖြစ်သူ ဦးစိုင်းကျော်ဇောကို သက်ဆိုင်ရာက ဖမ်းဆီးထားပြီ ဖြစ်ကြောင်း သိရသည်။

မိခင်ဖြစ်သူမှာ တောင်ကြီးမြို့သို့ရောက်ရှိနေစဉ် အောက်တာဘာလ ၁၆ ရက် ည ၇ နာရီအချိန်ခန့်တွင် ဖခင်အရင်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဆောက်လုပ်ရေး ကန်ထရိုက်တာ ဦးစိုင်းကျော်ဇောက နေအိမ်အိပ်ခန်းအတွင်းခေါ်၍အင်္ကျီချွတ်ခိုင်းကာ ကုတင်ပေါ်ထိုင်စေလျက် ဖုန်းဖြင့် ညစ်ညမ်းခွေများ အတင်းပြသပြီး သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ဖခင်အားကြောက်ရသဖြင့် မည်သူ့ကိုမျှမပြောပြခဲ့ကြောင်း၊ ဖခင်ဖြစ်သူမှာ ဆောက်လုပ်ရေး ကန်ထရိုက်အလုပ်ဖြင့် ခရီးထွက်လေ့ရှိပြီး ခရီးထွက် ရာမှပြန်လည်ရောက်ရှိတိုင်း မိခင်ဖြစ်သူ အလစ်တွင်၎င်းနေအိမ်အိပ်ခန်းအတွင်းမကြာခဏဝင်ရောက်၍သားမယားအဖြစ်ပြုကျင့်ကြောင်၊ သားမယားပြုကျင့်ပြီးနောက်တားဆေးတိုက်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းနောက် နိုဝင်ဘာလ ၆ ရက် ည ၁၀ နာရီခန့်အချိန်တွင် ဖခင်ဖြစ်သူမှာနေအိမ်အိပ်ခန်းအတွင်း ဝင်ရောက်ပြီး သားမယားအဖြစ်(၁)ကြိမ်၊နိုဝင်ဘာလ ၇ ရက် ၂ နာရီခွဲ အချိန် သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်သည့်အပြင် သမီးဖြစ်သူ၏ ဖုန်းကို စစ်ဆေး၍ ရည်းစားထားရမလား ဟုပြောဆိုပြီး တံမျက်စည်းစတီးလက်ကိုင်ရိုး၊ သစ်သားချောင်းတို့ဖြင့်ရိုက်နှက်ခဲ့သဖြင့် ၎င်းတွင် ဝဲ/ယာ ပုခုံးညိုမဲ၊ ဝဲ/ ယာလက်ခုံပေါက်ပြဲ၊ ယာပေါင်ညိုမဲ၊ ဝဲ/ယာခြေသလုံးပေါက်ပြဲ၊ ယာခါးဖူးယောင်၊ ယာဂျိုစောင်းဖူး ယောင်၊နောက်စေ့ဖူးယောင်ဒဏ်ရာများလည်း ရရှိခဲ့ကြောင်း သိရသည်။ယင်းကြောင့်အဆိုပါကျောင်းသူမှာ သထုံခရိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း၊ ၎င်း၏ဖခင်ဖြစ်သူဦးစိုင်းကျော်ဇောကသားမယားအဖြစ်ပြုကျင့်ပြီး ရိုက်နှက်ခဲ့သည့်အတွက် ဥပဒေအရ အရေးယူပေးရန်တိုင်တန်းသဖြင့် ယခုအခါ သထုံမြို့မရဲစခန်း(ပ)၂၃၀၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၂၅ (အမှုကြီးအမှတ်စဉ်၊၁၀/၂၀၁၉) အရ အမှုဖွင့်လှစ်ပြီး ဖမ်းဆီးစစ်ဆေးနေကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့က သိရသည်။

Credit-ပြည်မြန်မာ

admin

x