ညီဝမ်းကွဲ သက်အောင်ရဲ့ မင်္ဂလာပွဲမှာ အရံတွေအဖြစ် ကူညီပေးခဲ့ကြတဲ့ ထွန်းထွန်းနဲ့ စံရတီမိုးမြင့်

Last modified date

Examplez အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဆိုတော် သက်အောင်ကတော့ သူချစ်မြတ်နိုးရတဲ့ ကောင်မလေးနဲ့ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့လေးမှာ မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

တစ်ခေတ်တခါက နာမည်ကျော် လူကြိုက်များတဲ့ Examplez အဖွဲ့လေးဟာ ပရိသတ်တွေနဲ့ ထပ်တူကျတဲ့ သီချင်းကောင်းမြောက်မြားစွာကို ဖန်တီးရေးသားသီဆိုခဲ့ကြပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ သက်အောင်က ချစ်သူ စံထက်အောင်ဝင်းနဲ့ ထိမ်းမြားလက်ထပ်မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ သူတို့ (၂) ဦးရဲ့ မင်္ဂလာပွဲကို ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲလေးကိုတော့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ထွန်းထွန်း၊ ထူးကျော်နဲ့ ဖြိုးမောင်မောင်တို့ လည်း တက်ရောက်လာတာကို စုံစုံညီညီနဲ့ တွေ့ရတာဖြစ်ပါတယ်။ (၉) နှစ်ကြာလက်တွဲလာခဲ့တဲ့ ချစ်သူ (၂) ဦးရဲ့ မင်္ဂလာပွဲလေးကို ထွန်းထွန်းနဲ့ စံရတီမိုးမြင့်တို့ကလည်း အရံတွေအဖြစ် ပါဝင်အားဖြည့် ကူညီပေးခဲ့ကြပါသေးတယ်။

နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သက်အောင်တို့ရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။We Love Cele

Photos-Facebook

admin

x