“အသက်(၄၅)နှစ်ရှိပြီဖြစ်ပေမယ့် ဆံပင်တစ်ပင်မှ မဖြူသေးတဲ့ လျှို့ဝှက်ချက်ကိုပြောပြခဲ့တဲ့ နန္ဒာလှိုင်”

Last modified date

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ နန္ဒာလှိုင်ကတော့ နုပျိုခြင်းရဲ့လျို့ဝှက်ချက်ကို ဖွင့်ဟခဲ့တာပဲဖြစ်ပါတယ်။ ပြစ်မျိုးမှဲ့မထင်အလှမျိုးပိုင်ဆိုင်ခဲ့တာကြောင့် မင်းသမီးတွေထဲမှာ အလှဆုံးလို့တောင် မှတ်ချက်ပေးခံခဲ့ရတဲ့အထိ ကျော်ကြားခဲ့သူလည်းဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့တာဖြစ်ပေမယ့် ယနေ့တိုင် အမာခံပရိသတ်တွေရဲ့အားပေးခြင်းခံနေရသူတစ်ယောက်လည်း ဖြစ်ပါတယ်။

မိသားစုကို အချိန်ပေးနိုင်ဖို့အတွက် အနုပညာအလုပ်ကို စွန့်လွှတ်ခဲ့တာဖြစ်ပြီး Missha အလှကုန်ကို တင်သွင်းဖြန့်ချီနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဇေဝတီလှိုင်၊ ဇေရတီလှိုင်၊ ဇေမဒီလှိုင်ဆိုတဲ့ သမီးလေးသုံးယောက်ထွန်းကားခဲ့ပြီဖြစ်ပြီး အရင်လိုလှပဲနုပျိုနေဆဲဖြစ်တာကြောင့် အများတကာအားကျနေရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လူမှုကွန်ရက်မှာ တနေ့တာအကြောင်းအရာလေးတွေကို ပရိသတ်တွေကို မျှဝေပေးလေ့ရှိတဲ့နန္ဒာလှိုင်ဟာ အသက်(၄၅)နှစ် ရှိပြီဖြစ်ပေမယ့် ဆံပင်တစ်ပင်မှ မဖြူသေးတဲ့ လျှို့ဝှက်ချက်ကို ပြောပြခဲ့တာဖြစ်ပါတယ်။

သူရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာတော့ “ကျွန်မအသက်(၄၅) ဆံပင်တစ်ပင်မှမဖြူသေးဘူး။အဲ့ဒါ ဘာကြောင့်လဲ သိလား? အဖြေကို ကွန်မန့်မှာရေးထားမယ်နော်”လို့ရေးထားခဲ့တာဖြစ်ပြီး ကွန်မန့်ထဲမှာတော့ “ခေါင်းခြောက်စရာဆို ယောကျ်ားကိုပေးစဉ်းစားလိုက်တယ်လေ…အဲ့ဒါကြောင့် သူကတစ်ခေါင်းလုံးဖြူပြီး ကိုယ်မဖြူတာ” ဆိုပြီး အရွှန်းဖောက်ဖြေကြားခဲ့တာဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့အဖြေကိုတော့ ပရိသတ်တွေက သဘောကျနှစ်ခြိုက်နေကျတာဖြစ်ပါတယ်။ ပရိသတ်ကြီးကိုလည်း နန္ဒာလှိုင်ရဲ့ ဆံပင်မဖြူတဲ့နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

source : Cele Gabar

admin

x