သားလေး ဘွဲ့ယူတဲ့အချိန် ပန်းရန် အလုပ်ကနေ အပြေးလေးရောက်လာတဲ့ ဖခင်မေတ္တာ

Last modified date

မိဘဆိုတာ သားသမီးတွေကို အမြဲတမ်းကောင်းစားစေချင်ကြသူတွေဆိုတာ ယုံမှားသံသယရှိစရာမရှိပါဘူး။ သူတို့ဘဝတွေ ဘယ်လိုပဲနေရ စားရ ။ လုပ်ရ ကိုင်ရ ဘဝမှာ ငါ့သားလေး ငါ့သမီးလေးအတွက်ရယ်နဲ့ သူတို့ရဲ့ လောကဓံနေ့ရက်တွေကို ဆန့်ကျင်တိုက်ခိုက်နေသူတွေဟာလည်း မိဘတွေပါပဲ။ ဒါတွေကိုတော့ ငယ်ဘဝမသိကြပေမယ့်ကိုယ်တိုင် မိဘနေရာရောက်လာချိန်မှာတော့ ကောင်းစွာသိကြမှာပါ။

တစ်ခါတစ်လေကြတော့ သားသမီးတွေဟာ အမေတွေကို ပိုမိုချစ်ခင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးသူဖြစ်သလို ၊ နို့တိုက်တဲ့ဘဝမှ စားသောက်တတ်တဲ့အရွယ် အိမ်ထောင်ကျတဲ့အရွယ်အထိ အမေတွေက ပိုမိုအနေများကြလို့ပါ။ အဖေတွေကတော့ လိုအပ်တဲ့ငွေကြေးကိုရှာရင်း သားသမီးတွေနဲ့ သိပ်ပြီး မျက်နှာချင်းမဆိုင်မိတဲ့အခါ အလိုမလိုက်တဲ့အခါတွေမှာ အဖေတွေနဲ့ သားသမီးတွေဟာနည်းနည်းလေး အနေဝေးတတ်ပါတယ်။ ဒါကတော့ မိသားစုတိုင်းမဟုတ်ပေမယ့် များသောအားဖြင့်ပါနော်။

ဒီနေ့မှာတော့ အင်တာနက်လူမှုကွန်ရက်ပေါ်မှာတော့ အဖေချစ်တဲ့ သားနဲ့ သားကိုချစ်တဲ့ အဖေ ဓာတ်ပုံလေးတစ်ပုံဟာ အလွန်ကို စိတ်ဝင်စားစွာမျှဝေနေကြပါတယ်။ ပုံလေးကတော့ သားဘွဲ့ယူချိန်ကို ပန်းရံလုပ်တဲ့အဖေက အဝတ်အစားတောင် မလဲနိုင်ပဲ အရောက်သွားပြီး မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးခဲ့တာလေးပဲဖြစ်ပါတယ်။ အတော်လေးကို ကြည်နူးစရာကောင်းသလို မိဘအခြေအနေကို မငြင်းဆန်ပဲ လက်ခံတဲ့သားတစ်ယောက်အတွက်လည်း ဂုဏ်ယူမိပါတယ်။

များသောအားဖြင့်လူငယ်တွေဟာဟာ..အဖေ ဒီပုံကြီးနဲ့တော့ မလိုက်လာပါနဲ့ အဖေရာလို့ ပြောကြမှာ မလွဲပါဘူး။တကယ်လို့ အဲ့ဒီနေရာမှာ သင်တဲ့ သင့်အဖေဆိုရင် သင်ဘယ်လို တုန့်ပြန်မလဲ။ မလာပါနဲ့ အဖေရာလို့ ပြောမလို ၊ ပြုံးရွှင်စွာလက်ခံလိုက်မလားဆိုတာ အမှန်အတိုင်း ဖြေကြည့်နိုင်ပါ့မလားနော်။

Writer- SMT(Shwe Yaung Lan)

admin

x