ဖေဖေ မေမေ တို့နဲ့ ကထိန်အလှူမှာ ကုသိုလ်ရေးလုပ်နေတဲ့ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်တို့ ညီအကိုနှစ်ဦး

Last modified date

အသံကောင်းလွန်းလို့ ပရိသတ်တွေ အရမ်းကြိုက်နှစ်သက်ကြတဲ့ အဆိုတော်Rဇာနည်ကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ ဇနီးချောလေးရယ်၊ သားချောလေးနှစ်ယောက်ရယ်နဲ့အတူပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ Rဇာနည်က ကထိန်အလှူလုပ်ခဲ့တဲ့ သူတို့မိသားစုလေးရဲ့ ကြည်နူးစရာ ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို ယဉ်ကျေးလိမ္မာတဲ့ သားလေးနှစ်ယောက်နဲ့ ကုသိုလ်ရေးလုပ်နေတဲ့ Rဇာနည်နဲ့ ဝမ်းတို့ ဇနီးမောင်နှံကတော့ အရမ်းကိုပျော်ရွှင်နေပုံပေါ်ပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ အဆိုတော် Rဇာနည်တို့ မိသားစုလေးရဲ့အလှူလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖေဖေ Rဇာနည်ကတော့ “သားဖစ်ဖစ်ချစ်ချစ်တို့ ကထိန် အလှူတုန်းက မိသားစုပုံလေးတွေပါ ❤ အလှူအတွက် ဝိုင်းဝန်းကူညီပေးတဲ့ @PremierWellness ကိုလည်း ကျေးဇူးတင်ပါတယ်။ ” ဆိုပြီး သူတို့ မိသားစုလေးရဲ့ကထိန်အလှူက ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ပုဆိုးလေးတွေ ကိုယ်စီနဲ့ လူပျိုလေးတွေလို ချစ်စရာကောင်းနေတဲ့ ဖစ်ဖစ်နဲ့ ချစ်ချစ်လေးတို့ ညီအကိုနှစ်ဦးကတော့ မိဘနှစ်ပါးနဲ့အတူ ကုသိုလ်ရေးလုပ်ရင်း ပျော်နေတာပဲ ဖြစ်ပါတယ်။

Rဇာနည်နဲ့ ဝမ်းတို့ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေနဲ့ ချစ်ခြင်းတရားတြွေပည့်နှက်နေတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာ အခုဆိုရင်အိမ်ထောင်သက်တမ်းတင်ပဲ ၁၆ နှစ်ကျော်သွားပြီဖြစ်ပြီး အချစ်တွေကလည်း လတ်ဆတ်နေဆဲပါပဲ။ မိဘနှစ်ပါးနဲ့တူလို့ ချစ်မွှေးအပြည့်ပါတဲ့ Rဇာနည်နဲ့ ဝမ်းတို့ရဲ့ သားသားနှစ်ယောက်ကလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေပါပဲ။ ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ Rဇာနည်တို့ မိသားစုလေးကိုချစ်ရင်Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Zarni Myo Nyunt’s Facebook

admin

x