ရက်ရက်စက်စက် အဓမ္မကျင့်သတ်ဖြတ်ပြီး မီးရှို့ခံလိုက်ရတဲ့ ဘဏ်ဝန်ထမ်းမလေးရဲ့ အဖြစ်ဆိုး

Last modified date

အသက် (၂၃ ) နှစ် အရွယ် ဘဏ်ဝန်ထမ်းမလေးတစ်ဦးဟာ ရက်စက်စွာ မုဒိန်းကျင့်ခံရပြီးတော့ မီးရှို့အလောင်းဖျောက်ခံခဲ့ရတဲ့ အဖြစ်တစ်ခုဟာ ဖိလစ်ပိုင်နိုင်ငံ ၊ Pasing City မြို့မှာဖြစ်ပွားခဲ့ပါတယ်။ ဒီအမှုကို အများစုကတော့ မိန်းကလေးကို မုဒိန်းကျင့်အလောင်းဖျောက်သူမှာ တစ်ယောက်တည်းမဖြစ်နိုင်ပဲ အုပ်စုလိုက်ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးကြပါတယ်။

မိန်းကလေးကို ပြန်တွေ့ချိန်မှာ မီးလောင်ကျွမ်းမှုကြောင့် ကိုယ်ခန္ဓာတစ်ပိုင်းခန့်သာ ပြန်လည်တွေ့ခဲ့ပါတယ်။ အဝတ်အစားတွေကလည်း စုတ်ပြဲနေပြီးတော့ အခြား ပစ္စည်း တွေလည်း ပျောက်ဆုံးနေပြီးတော့ ၊ သူမရဲ့ မလှမ်းမကမ်းမှာ အတွင်းခံဘောင်းဘီကိုတွေ့ခဲ့ရတာကြောင့် သူမဟာ ရက်ရက်စက်စက်မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ရတာလို့
ယူဆနိုင်ဖွယ်ဖြစ်နေပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ကလည်း သူမရဲ့ ပုဂ္ဂိလိက ပိုင်တဲ့ ရွှေငွေတွေ ပျောက်ဆုံးနေပြီးတော့သူမကိုတော့ အခင်းမဖြစ်ခင် နေ့လည် ၁၁ နာရီမှာ နောက်ဆုံးတွေ့ခဲ့တယ်လို့ သိရပြီးတော့ လက်ရှိအချိန်မှာတော့ မသင်္ကာစရာလူနှစ်ယောက်ကို နောက်ယောင်ခံလိုက်နေတုန်းရှိပြီး အခုချိန်ထိတော့ တရားခံကို မဖော်ထုတ်နိုင်သေးဘူးလို့ သိရပါတယ်။

admin

x