နေမကောင်းတဲ့ သားလေးကိုကြည့်ပြီးမိခင်ဖြစ်တဲ့ ပိုးအိအိခန့်ရဲ့ ခံစားချက်

Last modified date

မြန်မာ့ဘောလုံးလောကရဲ့ နာမည်ကြီး ဘောလုံးကစားသမားတစ်ဦးဖြစ်တဲ့ အောင်သူ ရဲ့ ဇနီးချောလေး သရုပ်ဆောင် ပိုးအိအိခန့် ဟာဆိုရင်ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင်တစ်ဦးပါ။အောင်သူနဲ့ ပိုးအိအိခန့်တို့က ခုဆိုရင် ချစ်စရာအရမ်းကောင်းတဲ့ သားလေး တစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်ကြီးအတွက်ပိုးအိအိခန့်က သားလေး နေမကောင်းလို့ စိတ်မကောင်းဖြစ်နေတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ က သားဦးလေးကို ဂျူလိုင် ၁၉ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး ပရိသတ်တွေကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သားဦးလေး ပုံရိပ်ကလေးတွေကို ချပြခဲ့ပါတယ်။မကြာသေးခင်ကလည်း သားလေးကိုကိုး ရဲ့ ရက်(100) ပြည့်မွေးနေ့အလှူကို ပြုလုပ်ခဲ့ပါတယ်။

သားလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ အမြဲ ချပြလေ့ရှိတဲ့ ပိုးအိအိခန့်က ဒီတစ်ခါမှာတော့ သားလေး နေမကောင်းလို့ မိခင်တစ်ယောက် ရဲ့ ခံစားချက်တွေကို ပိုးအိအိခန့် က ခုလိုပြောထားပါတယ်။

ပိုးအိအိခန့်က ” ကလေးနေမကောင်းရင် အမေဖြစ်တဲ့ သူတွေ စိတ်ရော လူရော ပင်ပမ်းတာ တကယ်
ကလေးအစား ကိုယ်သာဖြစ်လိုက်ချင်တယ်နေမကောင်းတော့ တစ်ညလုံးကောင်းကောင်းမအိပ် ပွေ့ချီထားရတာ တစ်ညလုံးပဲ ….ကိုယ်မအိပ်ရတာ မပင်ပမ်းဘူးသူနေမကောင်းတာကြည့်ပြီးကို စိတ်တွေ ပင်ပမ်းလွန်းလှတယ်အော် ကလေးအမေဘဝ” ဆိုပြီးပြောထားပါတယ်။

ပိုးအိအိခန့် တို့ သားအမိ ရဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

သရုပ်ဆောင် ပိုးအိအိခန့် ပြောထားတဲ့အကြောင်းကို ပရိသတ်တွေသိလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;poe ei ei khant

admin

x