ကထိန်အလှူမှာ ကိုယ်တိုင်ဝင်ရောက်လုပ်အားပေးခဲ့တဲ့ ပရိသတ်အချစ်တော်ဟိန်းဝေယံ

ပရိသတ်အချစ်တော် သရုပ်ဆောင်ဟိန်းဝေယံကတော့ မျက်စိအနာကနေ သက်သာလာချင်းပဲ သူရဲ့ ငွေကြယ်ပွင့်ဟိန်းဝေယံပရဟိတအဖွဲ့ကပြုလုပ်တဲ့ ကထိန်အလှူလေးမှာ ကိုယ်တိုင်ဝင်ရောက် လုပ်အားပေးနေပါတယ်တဲ့နော်။ သရုပ်ဆောင်ဟိန်းဝေယံဟာ အလှူအတန်းရက်ရောသူတစ်ဦးဖြစ်ပြီး မိသားစုလိုက်မကြာခဏ အလှူကြီးတွေ ပြုလုပ်လေ့ရှိသူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့တုန်းက ဟိန်းဝေယံတစ်ယောက် မျက်လုံးသွေးကြောပေါက်ခဲ့တယ်လို့ သိရပြီး အခုကတော့ မျက်လုံးပြန်လည်ကောင်းမွန်သွားပြီလို့ ဆိုပါတယ်။အနုပညာနယ်ပယ်မှာ ပုံမှန်လှုပ်ရှားမှုလေးတွေရှိနေပြီး ပရိသတ်ရဲ့ အားပေးမှုအခိုင်အမာ ရရှိထားတဲ့ ဟိန်းဝေယံက တစ်ခါတစ်ရံမှာ သူ့ရဲ့ ညီမငယ်လေးကိုလည်း ပွဲထုတ်လေ့ရှိသေးတာပါ။

ကဲ ဟိန်းဝေယံတစ်ယောက် ငွေကြယ်ပွင့်ဟိန်းဝေယံ ပရဟိတအဖွဲ့ရဲ့ ကထိန်လေးမှာ ဘယ်လိုတွေ လုပ်အားပေးနေလဲဆိုတဲ့ပုံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Credit- We Love Cele

admin

x