ဟော့ပေါ့ဆိုင်မှာ ဝင်ထိုင်နေကြတဲ့ နွမ်းနွမ်းပါးပါး မိသားစုကို တွေ့လို့ မေးကြည့်လိုက်တဲ့အခါ

Last modified date

ဒီနေ့ စိတ်ချမ်းမြေ့စရာ အကြောင်းတစ်ခုဖြစ်သလို သာဓုခေါ်စရာ အလှူလည်းဖြစ်တာမို့ပြန်လည်မျှဝေချင်ပါတယ်။ အကြောင်းကတော့ နွမ်းပါးတဲ့ သူဖုန်းစားမိသားစု က ဟေ့ာ
ပေါ့စားတဲ့အဖြစ်အပျက်ကလေးပါပဲ။ ဒီအကြောင်းကို ကိုယ်တိုင်ကြုံတွေ့လာတဲ့ လူမှုကွန်ရက် အသုံးပြုသူတစ်ယောက်က ပြန်လည်မျှဝေထားတာဖြစ်ပါတယ်။ဖြစ်ပုံက ဒီလိုပါ….

((( မနေ့ည က ဂျပန်ကလာတဲ့သူငယ်ချင်းကိုထမင်းလိုက်ကျွေးရင်းအဝစား ဟော့ပေါ့ဆိုင်မှာစားဖြစ်ကြတယ် ကျနော်တို့ရယ် တခြားအတွဲနှစ်တွဲရယ်ရှိတဲ့ဆိုင်ထဲကို အဝတ်အစားနွမ်းနွမ်းနဲ့နံနံစော်စော် လင်မယားနှစ်ယောက်နဲ့ခလေးလေးမိသားစုတစု မဝံ့မရဲနဲ့ဝင်လာပြီး ကျနော်တို့နားက စားပွဲမှာဝင်ထိုင်ရင်း မီနူးကိုစာအုပ်ပေးပါဆိုပြီးတောင်းနေတော့

စားပွဲထိုးလေးကယူလာပေးတော့ကြည့်ပြီးမှာရှာတယ် ကြက်ဥတလုံး ဘာညာဘာညာပေါ့လေ ဒါနဲ့ကျနော်လဲမနေသာပဲ လက်တို့ပြီးမင်းတို့ဘာလုပ်လို့လာစားကြတာလဲမေးကြည့်တော့ ကျနော်တို့လင်မယားတောင်းရာကပြန်လာတာ နှစ်သောင်းလောက်ရလာလို့လာစားတာပါတဲ့ ဒါနဲ့ဘာလို့ဒီဆိုင်ကိုလာစားရတာလဲဆိုတော့

အဝကပုံကိုကြည့်ပြီး လူ့ဘဝမှာမစားဘူးတာစားဘူးတယ်ရှိအောင်လာစားတာတဲ့ တောင်းစားပေမဲ့ စိတ်ကိုကြိုက်တာနဲ့ မင်းတို့ပိုက်ဆံနောက်နေ့မှစား အခုငါပေးမယ် မမှာနဲ့ ဟောဒီမှာအသီးအရွက်တွေ ဟောဒါက အသားတွေဟောဒါ အအေး ဟောဒါ ထမင်းကြော် ကြိုက်တာကိုကြိုက်သလောက်စားစမ်း အဝစားကုန်ရင်ထပ်ယူဆိုတော့ ဘေးဝိုင်းတွေကလဲမကန့်ကွက်တာနဲ့ကျနော်ကျွေးလိုက်တယ်

စားလိုက်ကြတာဗျာ ဟေ့ကောင်တွေကုန်သလောက်ပဲယူ ကျန်အောင်တော့မယူနဲ့နော်ဆိုတော့ ကုန်တယ်ဆိုပြီးစားလိုက်ကြတာဗျာ ကျနော်မစားနိုင်ပေမဲ့ ထိုင်ကြည့်ပြီးဝမ်းသာလိုက်တာဗျာ အရပ်စကားနဲ့ပြောရရင် တောငိးစားသူနဲ့အတူစားခြင်းပေါ့ဗျာ ဆုပေးသေးတယ် အကိုကြီး ကျမ်းမာပါစေတဲ့ ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ )))

ဒီလို စိတ်ဓာတ်ရှိပြီး ဒကာခံပေးခဲ့တဲ့ မိတ်ဆွေ စိတ်ဓာတ်ဟာ အတော်လေးကို မွန်မြတ်ရှာပါတယ်။ အများစုက နာမည်တပ် အလှူရှင်ဖြစ်ချင်တဲ့ ခေတ်မှာ အခုလို အလှူရှင်တွေ ရှားတာမို့ သိရှိနိုင်အောင် ပြန်လည်မျှေဝေပေးလိုက်ပါတယ်နော်။

Writer- SMT(Shwe Yaung Lan)
Source- Original Poster

admin

x