Myanmar Idol မှာ ဝတ်ဆင်တဲ့ ဖြူဖြူနဲ့ ဖက်ရှင်တွေကို အမြင်အတိုင်းပြောလိုက်တဲ့ စမိုင်းလ်

Last modified date

လတ်တလောမှာ ကျင်းပပြုလုပ်နေတဲ့ Myanmar Idol Season (4)ပြိုင်ပွဲကြီးကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်နေတာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါ။ဒီပြိုင်ပွဲကြီးမှာပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်အဆိုရှင်တွေရဲ့ အမိုက်စားသီဆိုယှဉ်ပြိုင်မှုတွေကလည်း တစ်ပတ်ထက်တစ်ပတ် ပိုမိုစိတ်ဝင်စားဖို့ကောင်းနေတာလည်း အမှန်ပါ။အခုလို စိတ်ဝင်စားစရာကောင်းလှတဲ့ ပြိုင်ပွဲဝင်တွေရဲ့ သီဆိုယှဉ်ပြိုင်မှုတွေအပြင်

ပရိသတ်တွေက Myanmar Idol Season (4)မှာ ဒိုင်တစ်ဦးအနေနဲ့ ပါဝင်တဲ့ အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ သူမတူဆန်းပြားလှအောင်ဝတ်ဆင်တဲ့ ဖက်ရှင်တွေကို စိတ်ဝင်စားနေကြပါသေးတယ်။အဆိုတော်ဖြူဖြူကျော်သိန်းဟာဆိုရင် တစ်ပတ်နဲ့ တစ်ပတ်မတူညီအောင် အမိုက်စားဖက်ရှင်တွေနဲ့ Myanmar Idol ပြိုင်ပွဲကြီးကို တက်ရောက်နေတာဖြစ်ပြီး တချို့သော ပရိသတ်တွေဟာဆိုရင် ပြိုင်ပွဲဝင်တွေရဲ့ သီဆိုယှဉ်ပြိုင်မှုထက် ဖြူဖြူတစ်ယောက် ဒီတစ်ပတ်ပွဲစဉ်မှာ ဘယ်လို အမိုက်စားဒီဇိုင်းကို ဝတ်ဆင်လာမလဲဆိုတာကို ပိုမိုစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။

အခုလို ပြိုင်ပွဲဝင်တွေရဲ့ သီဆိုယှဉ်ပြိုင်မှုထက် ဖြူဖြူရဲ့ သီဆိုမှုတွေကို စိတ်ဝင်စားတဲ့ သူတွေထဲမှာ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် စမိုင်းလ်ကလည်း သူကိုယ်တိုင်အပါအဝင်ဖြစ်တဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဝန်ခံပြောဆိုထားပါတယ်။”ဆိုတဲ့သူထက် ဖြူဖြူကိုပိုစိတ်ဝင်စားနေတာ ကိုယ်တစ်ယောက်တည်းလား”လို့ ဖော်ပြထားတာဖြစ်ပြီး အမြဲပရိတ်သတ်စိတ်ဝင်စားအောင် အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်တဲ့ ဖြူဖြူကိုလည်း ချစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။ ပရိသတ်ကြီးတွေထဲက တစ်ပတ်တစ်ပတ် ပြိုင်ပွဲဝင်တွေရဲ့ယှဉ်ပြိုင်မှုထက် ဖြူဖြူ့ရဲ့ ဖက်ရှင်တွေကို ပိုစိတ်ဝင်စားတဲ့ သူတွေရှိရင် အလင်းပြခဲ့ပါဦး။

Source – စမိုင်းလ် Smile
CleoPaTra – CeleGabar

admin

x