ပွဲကပြရမည့်ရက်အတွင်း ရောက်မလာသောကြောင့် ပြဿနာနဲ့ရင်ဆိုင်ရတော့မယ့် ဇာတ်မင်းသား စွမ်းဇာနည်

မန္တလေး အမရပူရမြို့နယ် နန်းတော်ရာစံပြကွက်သစ်ဘုရားပွဲတွင် ကပြဖျော်ဖြေရေးအတွက် မင်းသားစွမ်းဇာနည်အား ပွဲငှားရမ်းထားခဲ့ရာ ပွဲကပြရမည့်ရက်တွင် မင်းသား ရောက်မလာရာမှ ပြသနာစတင် ဖြစ်ပွားပြီး ပွဲအတွက်ပြင်ဆင်ထားသော ဇာတ်ပွဲပစ္စည်းများ ပြန်လည် သိမ်းဆည်းသွားခဲ့ပါတယ်။

ပွဲတော်ကော်မတီက ဇာတ်ပစ္စည်းတင်ဆောင်တဲ့ ကားလေးစီး ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

အဆိုပါပြသနာဖြစ်ပွားမှုကြောင့် ဟန်ဇာမိုးဝင်းဇာတ်ကို ပြောင်းလဲငှားရမ်းခဲ့ပြီး လပြည့်ကျော် ၂ ရက် ၃ ရက်နေ့များတွင် ရုံဝင်ကြေး အခမဲ့ဖြင့် ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားသည်ဟု ပွဲတော်ကော်မတီ တာဝန်ရှိလူကြီးတစ်ဦးမှ ရေးသားထားတာကိုတွေ့ရပါတယ်။

Source – A Sai
အမရပူရမြို့ နန်းတော်ရာစံပြကွက်သစ်
ပွဲတော်ဖြစ်မြောက်ရေးကော်မတီ

admin

x