ချစ်ရတဲ့ပရိသတ်တွေနဲ့အတူတူ ကထိန်ခင်းအလှူလုပ်ခဲ့တဲ့ ဟိန်းဝေယံ

Last modified date

နိုင်ငံကျော် မင်းသားချောလေး ဟိန်းဝေယံက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တာဝန်ကျေပွန်စွာနဲ့ သရုပ်ဆောင်တတ်သူ တစ်ဦးပါ။ တည်ငြိမ်လွန်းတဲ့ မင်းသာချောလေး ဟိန်းဝေယံကို အားပေးသူ ပရိသတ်အခိုင်အမာနဲ့ မြန်မာနိုင်ငံ အရပ်ရပ်က အားပေးကြပါတယ်။ ဟိန်းဝေယံကို အမာခံအားပေးကြတဲ့ ပရိသတ်တွေကြောင့်လဲ ဟိန်းဝေယံက အနုပညာလောကမှာ အအောင်မြင်ဆုံး မင်းသားတစ်လက်အဖြစ် ရပ်တည်နေနိုင်တာပဲဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့မှာတော့ ဟိန်းဝေယံက သူ့ကိုချစ်တဲ့ ငွေကြယ်ပွင့် ဟိန်းဝေယံ ပရဟိတအသင်းအဖွဲ့တွေနဲ့အတူတူ ကထိန်ခင်း အလှူလေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် ဟိန်းဝေယံ ရဲ့ ငွေကြယ်ပွင့် ဟိန်းဝေယံပရဟိတအဖွဲ့တို့ရဲ့ စုပေါင်းမဟာဘုံကထိန်အလှူကို နိုဝင်ဘာလ ၁၀ရက်နေ့က ဧရာဝတီတိုင်း မအူပင်မြို့နယ် ကန်သာယာကျေးရွာ ဓမ္မသုခကျောင်းတိုက် မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဟိန်းဝေယံနဲ့ သူ့ရဲ့ ငွေကြယ်ပွင့် ဟိန်းဝေယံ ပရဟိတအဖွဲ့သားတွေက မကြာခဏဆိုသလို အလှူအတန်းတွေ အတူတကွ ပြုလုပ်လေ့ရှိတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေလဲ ဟိန်းဝေယံနဲ့ Fan များနဲ့အတူ ‘ငွေကြယ်ပွင့် ဟိန်းဝေယံ ပရဟိတအလှူ ‘ကိုကြည့်ပြီး ပှတိတွေဖြစ်နေကြမယ်ထင်ပါတယ်နော်။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးပဲတင်ရှိပါတယ်။

Source : Momolay

admin

x