ရိပ်သာရောက်သွားတဲ့ ဖခင်ဦးဝင်းနိုင်အတွက် လိုအပ်တဲ့လေ့ကျင့်ခန်းတွေ အတူသွားလုပ်ပေးခဲ့တဲ့ သမီးဖြစ်သူ ဆုဝေလွင်

Last modified date

အနုပညာဦးဝင်းနိုင်ဆိုတာ တစ်ချိန်တုန်းက တကယ့်ကို နာမည်ကျော်ခဲ့တဲ့ ဟာသအနုပညာရှင်ကြီး တစ်ဦးပါပဲ၊ အခုအချိန်မှာတော့ သူဟာ လေတစ်ခြမ်းဖြတ်ထားပြီး လေဖြတ်တဲ့ဝေဒနာကြောင့် လေ့ကျင့်ခန်းလုပ်ရအဆင်ပြေအောင် အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာ နားခိုနေပြီပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သမီးဖြစ်သူ ဆုဝေလွင်တစ်ယောက် ဖခင်ကြီးရှိရာ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို သွားပြီး ဖခင်အတွက်လိုအပ်တဲ့ ပစ္စည်းလေးတွေပေး၊ ဖခင်ကြီးနဲ့အတူ လေ့ကျင့်ခန်းတွေ လုပ်ပေးခဲ့ပါတယ်တဲ့။

ဦးဝင်းနိုင်အနုပညာတစ်ယောက် အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာကို သွားနေရတယ်ဆိုတဲ့ သတင်းကိုကြားရချိန်မှာ ပရိသတ်တစ်ချို့က သားသမီးမရှိဘူးလား သားသမီးတွေက ဘာလုပ်နေလဲဆိုတဲ့ မေးခွန်းတွေကို သမီးဖြစ်သူက အဓိက ရင်ဆိုင်ခဲ့ရတာပါ။

ဦးဝင်းနိုင်ရဲ့ သမီးဖြစ်သူ ဆုဝေလွင်ဟာ အနုပညာရှင်တစ်ဦးဖြစ်ပြီး ဇာတ်ကားရိုက်ကွင်းတွေရှိရင် နယ်ထွက်နေရတာများလို့ ဖခင်ကြီးအနားမှာ အတူမနေပေးနိုင်တာများလို့ အခုလို ဖခင်ကြီး လေဖြတ်နေချိန် အထီးကျန်ဆန်မှုတွေ ဖြေဖျောက်နိုင်ဖို့ ဘိုးဘွားရိပ်သာသွားနေဖို့ကို ခွင့်မပြုချင်ပဲ ခွင့်ပြုခဲ့ရတာလို့ သိရပါတယ်။ သမီးဖြစ်သူက မသွားဖို့တားပေမယ့် ဦးဝင်းနိုင်ကိုယ်တိုင်ကိုက သွားချင်နေတာဖြစ်ပြီး ဆည်းဆာရိပ်မှာ သူ့လုပ်ဖော်ကိုင်ဖက်တွေရှိသလို ဘာသာရေးလည်း ပိုလုပ်နိုင် လေ့ကျင့်ခန်းလုပ်ဖို့ နေရာကျယ်ကျယ်ဝန်းဝန်း လည်း ရှိတာကြောင့် သွားချင်ရတာလို့ ဦးဝင်းနိုင်က ဆိုထားပါတယ်။

ဦးဝင်းနိုင်တစ်ယောက် လေဖြတ်ဝေဒနာကနေ အမြန်ဆုံးပြန်လည်သက်သာလာပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Credit- We love cele

admin

x