နိုင်ငံတော်ကို အခွန်ငွေ ကျပ်သိန်းပေါင်း (၁၈၀၀) ဆောင်ခဲ့တဲ့ ခရစ္စတီးနားခီ

Last modified date

ဒါရိုက်တာ ခရစ်စတီးနားခီရိုက်ကူးထားပြီး ခင်ပွန်းဖြစ်သူ ဇဏ်ခီနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသု တို့ပါဝင်ထားကြတဲ့ Now and Ever ရုပ်ရှင်ဇာတ်ကားကြီးဟာ လက်ရှိအချိန်ထိ ဝင်ငွေကျပ်သိန်းပေါင်း ၂၄၀၀၀ ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ခရစ်စတီးနားခီနဲ့ ဇဏ်ခီတို့ဟာ အဆိုပါဝင်ငွေကို ဒီနေ့ကျင်းပတဲ့ Now and Ever Fan Meeting မှာ တရားဝင်ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပြီး “မုဒြာခေါ်သံနဲ့ Deception ကို ထုတ်လုပ်အပြီးမှာ အခွန်တွေအများကြီးဆောင်လိုက်ရပါတယ်၊ သိန်းပေါင်း ၁၈၀၀ ကိုလည်း အခွန်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်တယ်” လို့လည်း ခရစ်စတီးနားခီ ကပြောပါတယ်။

Now and Ever ဇာတ်ကားအတွက်ကိုတော့ လက်ရှိဝင်ငွေအရဆိုရင် သိန်းပေါင်း ၁၁၀၀ အခွန်ဆောင်ရမှာဖြစ်ပြီး ဇာတ်ကားက ဆက်လက်ပြသဆဲဖြစ်လို့ နောက်ထပ်လည်း တိုးလာနိုင်သေးတယ်လို့ သိရပါတယ်။

Now and Ever ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီးဟာ သာမန်အချစ်ဇာတ်လမ်းလေးကိုပဲ လှပတဲ့ရိုက်ချက်တွေ အမူအရာတွေ၊ စကားလုံးလေးတွေ Plot တွေနဲ့ ပရိသတ်ကြီးရင်ထဲစွဲငြိအောင် ရိုက်ပြနိုင်ခဲ့လို့ နိုင်ငံတကာက ရုပ်ရှင်ပညာရှင်တွေကပါ ချီးကျူးခဲ့ရတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

Now and Ever ဇာတ်ကားကြီးအခုလိုအောင်မြင်တာကြောင့် ပရိသတ်တွေကလည်း ခီမောင်နှံအတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။

Credit : We Love Cele

admin

x