Pre Wedding ပုံလေးတွေနဲ့ လူပျိုကြီးခန့်စည်သူ ဖုံးကွယ်ထားတဲ့ သတို့သမီးလေးရဲ့ သရုပ်မှန်

Last modified date

လူပျိုကြီးလို့ ပရိသတ်တွေ စနောက်နေကြတဲ့ သရုပ်ဆောင် ခန့်စည်သူကတော့ မိဘတွေကို အမြဲတမ်းကြီး ခြေဆုပ်လက်ကိုင် ဂရုမစိုက်နိုင်ဘဲ ခရီးတွေသွားပြီး ရုပ်ရှင်ရိုက်နေရတဲ့အတွက် အားတဲ့ အချိန်မှာမိဘနှစ်ပါးကို ဂရုစိုက်ပေးပြီး မိဘတွေလည်းစိတ်ချမ်းသာအောင်ထားနေရတာနဲ့ အိမ်ထောင်မပြုဖြစ်တော့တာလို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုဖူးပါတယ် ။ ပရိသတ်တွေကလည်း ကိုခန့်တစ်ယောက် ဘယ်တော့လောက်လူပျိုကြီးဘဝက ကျွတ်မှာလဲ လို့ အမြဲစနောက် ကျီစယ်နေခဲ့ကြတာပါ ။

မကြာသေးမီက ကိုခန့်က ပရိသတ်တွေ ကို Surprise အနေနဲ့ မင်္ဂလာဝတ်စုံနဲ့သတို့သမီးလေး ပုံရိပ်ကို ပရိသတ်ကို ချပြခဲ့ပါတယ် ။ ရှုတင်ရိုက်ကွင်းလား တကယ်ပဲ သတို့သမီးလောင်းလေးကို ကြွားနေတာလားဆိုတာကတော့ အတိလင်းမသိရသေးပေမယ့် ပရိသတ်တွေကို အသည်းယားအောင် ကလိလိုက်တာဖြစ်လို့ ပရိသတ်တွေက သတို့သမီးလေးကဘယ်သူလဲလို့ အထူးစိတ်ဝင်စားနေခဲ့ကြတာပါ ။ ကဲ ပရိသတ်တွေသိချင်နေတဲ့ သတို့သမီးလေးက မင်းသမီးချောလေး ရွှေသမီးဖြစ်ပြီး တောက်ချလိုက်မယ် Red Carpet Show မှာဆရာတပည့် နှစ်ယောက်ပေါင်းပြီး ပရိသတ်တေကို စနောက်လိုက်တာပါလို့ အင်တာဗျူးမှာဖြေဆိုခဲ့တာဖြစ်ပါတယ် ။

ပရိသတ်ကြီးထင်နေသလို ကိုခန့်ရဲ့သတို့သမီးလောင်းလေးမဟုတ်ပဲ ဖိုတိုရှုတင်က ပုံရိပ်လေးဖြစ်တယ်ဆိုပေမယ့် ကိုခန့်ရဲ့ မင်္ဂလာသတင်းတွေကလည်း ပရိသတ်တွေကြားမှာ ပျံ့နှံ့နေတာဆိုတော့ တကယ့်သတို့သမီးလေးက ဘယ်သူများဖြစ်နေမလဲနော် ။ ပရိသတ်ကြီးကလည်း ခန့်မှန်းပေးကြပါဦးနော် ။

Source : Exclusive on Cele Connections
Molly ( Cele Connections)

admin

x