“ဖိလစ်ပိုင်ဆီးဂိမ်းမှာ ရွှေတံဆိပ်ဆုကို အရယူဖို့ ဖိလစ်ပိုင်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်တဲ့ သက်ထားသူဇာ”

Last modified date

မြန်မာနိုင်ငံရဲ့ နိုင်ငံဂုဏ်ဆောင် ကြက်တောင် အားကစားမယ်လေး သက်ထားသူဇာကတော့ ဒီနေ့ ဒီဇင်ဘာလ (၃)ရက်နေ့မှာတော့ အကြိမ်(၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးမှာ ကြက်တောင်အားကစားနည်းနဲ့ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံကို ထွက်ခွာသွားပြီပဲဖြစ်ပါတယ်။ဒီနှစ်မှာ ကျင်းပပြုလုပ်တဲ့ ဆီးဂိမ်းပြိုင်ပွဲကြီးကိုတော့ ဖိလစ်ပိုင်နိုင်ငံကအိမ်ရှင်အဖြစ်နဲ့ လက်ခံကျင်းပပြုလုပ်တာပဲဖြစ်ပါတယ်။

သက်ထားသူဇာဟာဆိုရင် မြန်မာနိုင်ငံအတွက် ကြက်တောင်အားကစားနည်းနဲ့ ရွှေတံဆိပ်ဆုမြောက်များစွာကို ရယူပေးထားနိုင်တဲ့ အားကစားမယ်လေးလည်း ဖြစ်ပါတယ်။သက်ထားသူဇာကတော့ ဖိလစ်ပိုင်ဆီးဂိမ်းမှာ လာမယ့် ဒီဇင်ဘာလ (၅)ရက်နေ့မှာ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။သက်ထားသူဇာနဲ့ အတူ နောက်ထပ်ကြက်တောင်အားကစားမယ်ဖြစ်တဲ့ တွယ်တာဦးတို့က ဖိလစ်ပိုင်ဆီးဂိမ်းမှာ အမျိုးသမီး ကြက်တောင်တစ်ဦးချင်း (Women Singles) ပြိုင်ပွဲအမျိုးအစားကို ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

သက်ထားသူဇာဟာဆိုရင် အရင်ကနိုင်ငံတကာပွဲတွေမှာလည်း နိုင်ငံတကာက နိုင်ငံကိုယ်စားပြု အားကစားသမားတွေကို အနိုင်ယူပြီး ရွှေတံဆိပ်ဆုတွေကို သိမ်းပိုက်ထားနိုင်တဲ့ နိုင်ငံရဲ့ အဖိုးတန်ရတနာလေးဖြစ်တာကြောင့် ဒီတစ်ခေါက် ဆီးဂိမ်းပြိုင်ပွဲမှာလည်း သက်ထားသူဇာတစ်ယောက် ရွှေတံဆိပ်ဆုကြီးကို အပိုင်သိမ်းလာနိုင်ဖို့ မျှော်လင့်နေကြပါသေးတယ်။ ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အားပေးမှုက သက်ထားလေးအတွက် ခွန်အားတွေဖြစ်စေတာမို့ သက်ထားလေးအနိုင်ရအောင် အားပေးစကားလေးတွေပြောသွားပေးကြပါဦးနော်။

Credit : Cele Gabar

admin

x