ထိုင်းနိုင်ငံ Kanchanaburi ရုပ်ရှင်ပွဲတော်မှာ မှတ်တမ်းတင်ထိန်းသိမ်းခြင်းခံရတဲ့ ပိုင်တံခွန်ရဲ့ လက်ဗွေရာ

Last modified date

ကြံခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ ယောကျာ်းဆန်ဆန် မျက်နှာကို ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်က မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက မင်းသားတစ်လက်ပါပဲ။ ရုပ်လေးချောသလို ကြင်နာသနားတတ်တဲ့ ပိုင်တံခွန်က စိတ်ထားကောင်းသူ တစ်ယောက်လဲ ဖြစ်ပါတယ်။ အဲ့လို စိတ်ရောလူပါလှတဲ့ ပိုင်တံခွန်က အခုဆိုရင် မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အောင်မြင်မှုတွေ ဆွတ်ခူးရရှိနေတာပဲ ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၂) ရက်နေ့မှာတော့ ပိုင်တံခွန်က ထိုင်းနိုင်ငံ Kanchanaburi မှာ ကျင်းပပြုလုပ်တဲ့ Kanchanaburi Film Festival ကို ထိုင်းအနုပညာရှင်တွေနဲ့အတူတူ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်က Kanchanaburi Film Festival ကို တက်ရောက်ရင်း သူ့ရဲ့ လက်ဗွေရာ နှစ်ဖက်စလုံးကို မှတ်တမ်းတင်ထားရှိခံခဲ့ရကြောင်းကို ပိုင်တံခွန်က “ကျနော့်ရဲ့ လက်ဗွေရာလေးတော့ Kanchanaburi မှာ မှတ်ကျောက်တင်ခဲ့ပြီ” ဆိုပြီး ဝမ်းသာစွာပြောထားပါတယ်။

ပိုင်တံခွန်ရဲ့ အောင်မြင်မှုကတော့ တစ်နေ့တစ်ခြား တိုးပွားလာပြီး မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အနုပညာလုပ်ငန်းတွေကို လက်မလည်အောင် လုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အနုပညာရှင်တစ်ဦးအနေနဲ့ တိုင်းတစ်ပါးကသူတွေကြားမှာ ထင်ရှားပြီး အခုလို ဂုဏ်ပြုမှတ်တမ်းတင်ခြင်းခံရတာ အရမ်း ဂုဏ်ယူစရာပါပဲနော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ အောင်မြင်မှုအတွက် ဝမ်းသာနေကြမယ် ထင်ပါတယ်နော်။

မိုမိုလေး

admin

x