ထိုင်းနိုင်ငံမှာ ‘လက်ဗွေရာ’ မှတ်ကျောက်တင်ခံရတဲ့ ပထမဆုံးအမျိုးသားအနုပညာရှင် ပိုင်တံခွန်

Last modified date

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မော်ဒယ်လ်မင်းသားချောတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ မြင့်မားတဲ့အရပ်နဲ့တောင့်တင်းတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ တိုင်းရင်းသားတစ်ယောက်ဖြစ်တာနဲ့အညီ စကားသံချိုချိုဝဲဝဲလေးကတော့ သူ့ရဲ့ဆွဲဆောင်မှုတွေထဲက တစ်ချက်ဖြစ်စေခဲ့တာပါ။ အနုပညာခရီးလမ်းကို လျှောက်လှမ်းလာခဲ့တာ အခုဆိုရင် ပြည်ပနိုင်ငံကပရိသတ်တွေပါ အားပေးလာတဲ့အထိ ပေါက်ရောက်ခဲ့ပြီဆိုရမှာပါ။

အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ပရိသတ်တွေက ပိုင်တံခွန်ကိုအားပေးလာကြတာဖြစ်ပြီး ထိုင်းအမာခံပရိသတ်ဦးရေကလည်း ကြောက်ခမန်းလိလိတိုးများလာတာဖြစ်ပါတယ်။ “We love Paing Takhon Thailand (Forever Fans)”, “PTK FC Thailand” စတဲ့ပိုင်တံခွန်ကို အားပေးတဲ့ ဖန်စာမျက်နှာတွေများစွာထွက်ပေါ်လာတာဖြစ်ပြီး ပိုင်တံခွန်ကတော့အိမ်နီးချင်းနိုင်ငံတွေကတောင် အားပေးကြမ်းကြတဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံး အနုပညာရှင်တစ်ယောက်ဖြစ်လာတယ်လို့ဆိုရမှာပါ။

ပရိသတ်တွေကို လေးလေးစားစားဆက်ဆံလေ့ရှိတဲ့ ပိုင်တံခွန်ကတော့ ထိုင်းကပရိသတ်တွေအတွက်လည်း ဖန်တွေ့ဆုံပွဲလေးတွေလုပ်ပေးလေ့ရှိသူတစ်ယောက်ပါ။ မနေ့က ကန်ချနာပူရီမှာကျင်းပပြုလုပ်ခဲ့တဲ့ ထိုင်းရုပ်ရှင်ပွဲတော်ကို တက်ရောက်ဖို့ဖိတ်ကြားခံရပြီး ထိုင်းပရိသတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ ဒါ့အပြင် ပိုင်တံခွန်ကတော့ ဘဝမှာ အကြီးကျယ်အခမ်းနားဆုံး စိတ်ခံစားချက်ကို ဖြစ်စေခဲ့တဲ့အရာလေးတစ်ခု အဲ့ဒီရုပ်ရှင်ပွဲတော်မှာ ရရှိခဲ့တာကြောင့် ဝမ်းသာကြည်နူးနေတာလည်းဖြစ်ပါတယ်။

အဲ့ဒါကတော့ ကန်ချနာပူရီရုပ်ရှင်ပွဲတော်မှာ ပိုင်တံခွန်ရဲ့အမှတ်တရအနေနဲ့ သူ့ရဲ့အငွေ့အသက်တွေပါအောင် မခြောက်သေးတဲ့ အင်္ဂတေပြားပေါ်မှာ လက်ဗွေဖိနှိပ်စေခဲ့တာဖြစ်ပြီး အဲ့ဒီကားချပ်လေးကို အမှတ်တရသိမ်းထားခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ “ကျွန်တော့်ရဲ့လက်ဗွေရာလေးတော့ Kanchanaburi မှာမှတ်ကျောက်တင်ခဲ့ပြီ” လို့ဝမ်းသာဂုဏ်ယူစွာနဲ့ သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။

Credit : Cele Gabar

admin

x