ဖိလစ်ပိုင်ဆီးဂိမ်းပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ကို အရယူပေးခဲ့တဲ့ မအိန္ဒြေဖူး

Last modified date

လတ်တလော ဖိလစ်ပိုင်နိုင်ငံမှာအိမ်ရှင်နိုင်ငံအဖြစ်လက်ခံကာ ကျင်းပပြုလုပ်နေတဲ့ အကြိမ်(၃၀)မြောက် ဆီးဂိမ်းပွဲကြီးမှာတော့ မြန်မာ့အားကစားလောကအနေနဲ့ ပထမဦးဆုံး ရွှေတံဆိပ်ဆုကြီးကို အရယူနိုင်ခဲ့ပါပြီ။ဒီနေ့ ဒီဇင်ဘာလ (၃)ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံကိုယ်စားပြုကစားဖြစ်တဲ့ မအိန္ဒြေဖူးက မြန်မာနိုင်ငံအတွက် အားနစ် အားကစားနည်းနဲ့ ရွှေတံဆိပ်ဆုကိုအရယူပေးခဲ့တာပါ။

အားနစ် အားကစားနည်းဟာဆိုရင် လက်ရှိအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ရိုးရာကိုယ်ခံပညာရပ်အားကစားနည်းတစ်မျိုးဖြစ်ပြီး တုတ်၊ဓား စတဲ့ အရာတွေနဲ့ယှဉ်ပြိုင်လို့လည်း ရတဲ့အပြင် လက်နက်ကိရိယာမပါဘဲ လက်ချည်းသက်သက် တိုက်ခိုက်ရတဲ့ အားကစားနည်း တစ်မျိုးပဲဖြစ်ပါတယ်။အိန္ဒြေဖူးဟာ ဒီနှစ်ဆီးဂိမ်းပြိုင်ပွဲကြီးမှာ မြန်မာအားကစားအဖွဲ့အတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို အားနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ကိုယ်တော်အပြပြိုင်ပွဲကနေ ဆွတ်ခူးပေးနိုင်ခဲ့တာဖြစ်ပြီး

မြန်မာနိုင်ငံကို အဆင့်(၇) နေရာအထိကို တက်လှမ်းနိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။။လက်ရှိမှာဆိုရင်တော့ မြန်မာနိုင်ငံအားကစားအဖွဲ့အနေနဲ့ ရွှေတံဆိပ် (၁)ဆု၊ငွေတံဆိပ်(၅)ဆုနဲ့ ကြေးတံဆိပ်(၁၈)ဆုရရှိထားပြီး စုစုပေါင်းဆုတံဆိပ် (၂၄)ဆုကို ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု အရယူပေးခဲ့တဲ့ မအိန္ဒြေဖူးကို ဂုဏ်ပြုစကားလေးတွေပြောပေးသွားပါဦး။

Source – Myanmar Football Fan Group
CleoPaTra – CeleGabar

admin

x