ထပ်မံကြွေလွင့်သွားပြန်ပြီဖြစ်တဲ့ ကိုရီးယားကြယ်ပွင့်လေး မင်းသားချော Cha In-Ha
နိုဝင်ဘာလ (၂၇)ရက်နေ့မှ စတင်ထုတ်လွှင့်ပြသနေတဲ့ “Love with Flaws” ဒရမ်မာဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားချော Cha In Ha ကတော့ ကွယ်လွန်သွားပြီလည်းဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကတော့ သူရဲ့ခန္ဓာကိုယ်ကို ဒီဇင်ဘာလ(၃)ရက်နေ့တွင် နေအိမ်၌ သေဆုံးလျက်အနေအထားနဲ့ တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
မင်းသား Cha In Ha ရဲ့ အေဂျင်စီဖြစ်တဲ့ Fantagio မှလည်း “အခုလို ဝမ်းနည်းဖွယ်သတင်းများကိုထုတ်လွှင့်ရမှာ ကျွန်ုပ်တို့ဘက်မှလည်း အလွန်ဝမ်းနည်းကြေကွဲရပါတယ်။ဒီဇင်ဘာလ (၃) ရက်နေ့တွင် Cha In Haကတော့ ကျွန်တော်တို့ကို နှုတ်ဆက်သွားပါပြီ၊ယုံကြည်စရာမကောင်းတဲ့ ဒီသတင်းကတော့ အမှန်တကယ်ဖြစ်ပြီး ကောလာဟလတွေ မထုတ်လွှင့်ကြဖို့နဲ့ ဒီလိုမျိုး ရုတ်တရက်သတင်းဆိုးကြောင့် တခြားသူတွေထက် ပိုမိုဝမ်းနည်းနေကြတဲ့ မိသားစုတွေရဲ့ခွင့်ပြုချက် မရှိဘဲ ထင်မြင်ချက်သတင်းတွေ မရေးကြဖို့ တောင်းဆိုထားပါတယ်။သူရဲ့ ဈပနအခန်းအနားကိုတော့ မိသားစုရဲ့ဆန္ဒအလျောက် သီးသန့်ကျင်းပမည်ဖြစ်မယ့်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
Cha In Ha ဟာ (၂၀၁၇) ခုနှစ်တွင်“ You, Deep Inside of Me” ဇာတ်ကားတို့ဖြင့်ပွဲထွက်ခဲ့ပြီး Fantagio ၏ဒုတိယသရုပ်ဆောင်အဖွဲ့ SURPRISE U တွင်ပါဝင်ခဲ့ပါသေးတယ်။လက်ရှိထုတ်လွင့်နေဆဲဖြစ်တဲ့ “Love with Flaws” ဒရမ်မာဇာတ်လမ်းတွဲဟာဆိုရင် (၂)ပိုင်းသာထုတ်လွင့်၇သေးတာလည်းဖြစ်ပါတယ်။
Credit : Cele Gabar