ရေသန့်ဘူးကောက်တဲ့ ကောင်လေးနှင့်မိဘအားခေါ်တွေ့ပြီးအကောင်းဆုံးဖြစ်အောင်ကူညီ

Last modified date

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်မားလာတာနဲ့အမျှ ကလေးငယ်တွေဟာလည်း စာသင်ခန်းမှာ ရှိရမယ့်အစား လမ်းဘေးကို ပုံစံမျိုးစံနဲ့ ရောက်လာကြပါတယ်။ ပလက်စတစ်ဗူးကောက်သူ ၊ ပန်းရောင်းသူ ၊ ဂျာနယ်ရောင်းသူအဖြစ်နဲ့ မိသားစုရဲ့ ဝမ်းရေးကို တစ်ထောင့်တစ်နေရာကနေ ပြေလည်စေဖို့အတွက် အရွယ်နဲ့မမျှ ရုန်းကန်ကြရပါတယ်။ မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများပြဌာန်းထားသော်လည်း ၊ကလေးသူငယ်ဆိုင်ရာ အဖွဲ့အစည်းများ ရှိနေသော်လည်း လမ်းပေါ်ကကလေးတွေအတွက် သူတို့ရဲ့ အနာဂါတ်ကိုတော့ အားလုံးက မသိယောင်ဆောင်နေကြတုန်းပါပဲ။မသိယောင်ဆောင်နေကြတုန်းပါပဲ။

တကယ်တော့ ကလေးငယ်တွေဆိုတာဟာ နိုင်ငံရဲ့ အနာဂါတ်တွေပါ။ နိုင်ငံတကာမှာဆိုရင် ကလေးငယ်တွေကို စနစ်တကျပြုစုပျိုးထောင်ကြပေမယ့် မြန်မာနိုင်ငံမှာတော့ ကလေးငယ်တွေကိုလည်း ဂရုမစိုက် ၊ အသက်ကြီးသူတွေကိုလည်း မလေးစား၊ လူငယ်တွေကိုလည်း တွဲမခေါ်နိုင်ပဲ အားလုံးက လုပ်ချင်တာကို လုပ်နေကြတဲ့ တိုင်းပြည်တစ်ခုပါပဲ။

အခုအင်တာနက်မှာ လူကြည့်များနေတဲ့ ရုပ်သံလေးတစ်ခုရှိပါတယ်။ ဒါကတော့ မီးသတ်က ဦးလေးတစ်ယောက်က ပလက်စတစ်ဗူးခွံတွေကို ညဘက် လိုက်ကောက်နေရတဲ့ ကလေးလေးနဲ့ အကြောင်းလေးပါ။ ကလေးငယ်ဟာ ညဘက်ကြီးတောင် ဗူးခွံတွေ လိုက်ကောက်ပြီးရောင်းချရပါတယ်။ ဒါမှ သူ့မိသားစုကို အထောက်အပံ့ပြုနိုင်မှာပါ၊မီးသတ်ကလူကလည်း သူကလည်းမချမ်းသာ ကလေးငယ်ကိုလည်း ထောက်ပံ့ချင်ပေမယ့် အားမတန်လို့ မာန်လျော့ထားရတဲ့ ပုံပါပဲ။ လေးစားပါတယ်။ ဘယ်သူမှ လမ်းဘေးမှာ ကလေးငယ်တွေရှိနေတာ တာဝန်မရှိဘူးလို့ ယူဆနေချိန်မှာ ဒီလိုစိတ်ဓာတ်မျိုးရှိတာလေးစားစရာပါပဲ။

သူက ကလေးငယ်ကို ကျောင်းထားပေးချင်ပေမယ့် မိသားစု စီးပွားရေးကို ရှာနေတဲ့သူမို့ အတင်းအကြပ်လည်း မတောင်းဆိုရက်ပါဘူး။ဒါကြောင့် ကျောင်းနေချင်ရင် အချိန်မရွေးလာပါလို့ ပြောလိုက်တဲ့ အခိုက်ဟာ အတော်လေး လေးစားရပါတယ်။ နောက်တော့ ကလေးငယ် အဆင်ပြေအောင်လို့ မုန့်တွေရောငွေပါပေးလိုက်သလို ၊ လမ်းဘေးမှာညဘက်ကောက်နေရတာ မီးအားကမကောင်းတဲ့ ခေါင်းမီးကိုလည်း အသစ်တစ်လုံးပေးလိုက်ပြီးတော့ ၊ ကားတွေက သူ့ကိုမြင်အောင် ရောင်ပြန်အကျီလည်း ဆင်မြန်းပေးလိုက်ပါတယ်။ သာဓု ခေါ်ဆိုမိပါတယ်။ သူ ဒီလိုလုပ်ယုံနဲ့ မြန်မာနိုင်ငံက ကလေးငယ်အားလုံး ကောင်းလာမှာ မဟုတ်ဘူးဆိုတာ သူသိပါတယ်။

ရေသန်ဗူးကောက်တဲ့ကလေးငယ်လေးနဲ့ မီးသတ်အစ်ကိုကြီးကိုထင်လင်းအောင်ကို မှတ်မိကြဦးမယ်ထင်ပါတယ်။အခုတော့ ကိုထင်လင်းအောင်က ဘူးခွံကောက်တဲ့ ကလေးငယ်လေးရဲ့ မိဘတွေကို ခေါ်ယူတွေ့ဆုံပြီး ကျောင်းပြန်ထားပေးတော့မှာပါ တကယ့်ကိုကြည်နူးမိပါတယ် အစ်ကို့ကိုလည်းအရမ်းလေးစားမိပါတယ်။လူအများစုမလုပ်နိုင်တဲ့ အလုပ်တွေကိုလုပ်ပြီး နွမ်းပါးသူတွေ၊ဒက္ခရောက်သူတွေကို ကူညီပေးနေတာ တကယ့်ကိုလေးစားအားကျမိပါကြောင်း

ဒါပေမယ့် ကြယ်ငါးကောက်တဲ့ ပုံပြင်လိုပဲ သူတတ်နိုင်သမျှကို ကူညီပေးတဲ့ မီးသတ်ကလူကို လေးစားသမှုနဲ့ ဒီစာလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။ သူ့လို လူတွေ ၊ ကလေးငယ်တွေကို အလေးထားနိုင်ကြတဲ့သူတွေ များများပေါ်ထွက်လာကြပါစေ ၊ လမ်းဘေးကကလေးငယ်တွေကိုလည်း အမြန်ဆုံး စာသင်ခန်းကို သွင်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။

Video ကြည့်ရန်

admin

x