ချစ်သူသက်တမ်း (၆)နှစ်နီးပါးရှိပေမယ့် ချစ်သူနဲ့ လမ်းခွဲပြတ်စဲလိုက်ပြီဖြစ်တဲ့ မြတ်သူသူ

Last modified date

ပရိသတ်ကြီးရေ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေး မြတ်သူသူကတော့ သူမရဲ့အချစ်ရေးကို ပရိသတ်တွေကိုအတိအလင်းပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ” သေချာလို့တင်တာပါ။အဲ့အတွက်တော့ ဖြေစရာမရှိပါဘူး။ထပ်မမေးပါနဲ့တော့နော် plz ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတင်လာခဲ့တာပဲ ဖြစ်ပါတယ်။

မြတ်သူသူကတော့ မနေ့ကညမှာလည်း ” ဘာမှမဆိုင်တော့ပါဘူး ဘာတင်တင် ဘာရေးရေး ဘာမှမပတ်သက်ပါဘူး။ဖြေစရာလည်းမရှိလို့ မေးမြန်းခြင်းလည်း မလုပ်ပါနဲ့နော် ။ plz
စိတ်ပူစိုးရိမ်ပေးလို့ ကျေးဇူးတင်ပေမယ့် ဒီအကြောင်းအရာကိုတော့ ဘယ်လိုမှပြန်မမေးပါနဲ့တော့နော်။Cb မှာလည်း ပြန်မဖြေချင်ပါဘူး ။ ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်သူသက်တမ်း နှစ်အချိန်တော်တော်ကြာအောင်ဖြတ်သန်းခဲ့ကြတာကြောင့် တချို့သော ပရိသတ်တွေကတော့ သေချာစဉ်းစားဆုံးဖြတ်ဖို့ မှတ်ချက်တွေပေးနေကြပြီး တချို့သောပရိသတ်တွေကတော့ အရမ်းကိုစိတ်မကောင်း ဖြစ်နေကြနပါတယ်နော်။ ပရိသတ်ကြီးလည်း မြတ်သူသူရဲ့ အချစ်ရေးအမြန်ဆုံးအဆင်ပြေဖို့ ဆုတောင်းပေးခဲ့ပါဦးနော်။

Source : CeleConnections

admin

x