အသက်(၄)လတာရှိသေးပေမယ့် မေမေနဲ့အတူ ရေကူးရင်းပျော်ရွှင်နေတဲ့ ပိုးအိအိခန့်ရဲ့သားလေး ကိုကိုး

Last modified date

မြန်မာ့ဘောလုံးလောကရဲ့ နာမည်ကြီး ဘောလုံးကစားသမားတစ်ဦးဖြစ်တဲ့ အောင်သူ ရဲ့ ဇနီးချောလေး သရုပ်ဆောင် ပိုးအိအိခန့် ဟာဆိုရင်ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင်တစ်ဦးပါ။အောင်သူနဲ့ ပိုးအိအိခန့်တို့က ခုဆိုရင် ချစ်စရာအရမ်းကောင်းတဲ့ သားလေး တစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက်ပိုးအိအိခန့် နဲ့ ချစ်စရာကောင်းတဲ့ သားလေး ကိုကိုးတို့ ရဲ့ ရေကူးနေတဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ က သားဦးလေးကို ဂျူလိုင် ၁၉ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး ပရိသတ်တွေကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သားဦးလေး ပုံရိပ်ကလေးတွေကို ချပြခဲ့ပါတယ်။မကြာသေးခင်ကလည်း သားလေးကိုကိုး ရဲ့ ရက်(100) ပြည့်မွေးနေ့အလှူကို ပြုလုပ်ခဲ့ပါတယ်။

သားလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ အမြဲ ချပြလေ့ရှိတဲ့ ပိုးအိအိခန့်က မိသားစု နဲ့ အတူ ကမ်းခြေကို ရောက်ရှိနေတာပါ။ ဒီတစ်ခါလည်း သားလေး နဲ့ အတူ ရေကူးနေတဲ့ ပုံသစ်လေးတွေကို မျှဝေပေးလိုက်တာပါ။

ချစ်စရာအမူအယာလေးနဲ့ သားလေး ကိုကိုး နဲ့ မေမေ ပိုးအိအိခန့်

ပိုးအိအိခန့် နဲ့ ချစ်စရာကောင်းတဲ့ သားလေး တို့ရဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

သရုပ်ဆောင် ပိုးအိအိခန့်နဲ့ သားလေး တို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

မိုမိုလေး

admin

x