အိမ်ပြန်ရောက်တုန်း အမေ့ကိုဈေးကူရောင်းပေးနေတဲ့ သားလိမ္မာလေး သုတအောင်

Last modified date

သုတအောင်ကတော့ MRTV-4ကထုတ်လွှင့်ပြသခဲ့တဲ့ “ကြယ်ကလေးရဲ့ ကောင်းကင်”၊”အလင်းထဲကလူ”စတဲ့ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ တက်သစ်စမင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ဇာတ်လမ်းတွဲတွေထဲမှာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း လူကြီးလူငယ်မရွေးအားပေးချစ်ခင်မှုကို ရရှိပိုင်ဆိုင်ထားပါသေးတယ်။

သုတအောင်ဟာ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ခက်ခက်ခဲခဲနဲ့လုပ်ကိုင်နေရတာဖြစ်ပြီး မိသားစုနဲ့လည်းခွဲနေနေရတဲ့အကြောင်းကိုလည်း ပရိသတ်တွေကို ပြောပြခဲ့ဖူးပါတယ်။နှစ်တော်တော်ကြာကြာအိမ်ကိုပြန်မရောက်ဖြစ်ခဲ့တာကြောင့် တစ်ခါတစ်လေမျက်ရည်ကျရတဲ့ အထိလည်း ခံစားနေပြီး မိဘတွေကိုလွမ်းနေတာကြောင့် အိမ်ကိုပြန်ချင်တဲ့ ဆန္ဒလေးလည်း ရှိတယ်လို့ အင်တာဗျူးမှာ ဖြေကြားခဲ့ဖူးပါသေးတယ်။

လတ်တလောမှာတော့ အိမ်လွမ်းသူလေး သုတအောင်ဟာ သူ့ရဲ့ ဆန္ဒလေးဖြစ်တဲ့ အမေအိမ်ကို ပြန်ရောက်နေတာဖြစ်ပြီး အမေ့ကို ဈေးကူရောင်ပေးနေတဲ့ အကြောင်းကို ပျော်ရွှင်စွာနဲ့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပါတယ်။ ပရိသတ်ကြီးရေ အမေဖြစ်သူကို ဈေးကူရောင်းပေးရင်း အပျော်ကြီးပျော်နေတဲ့ မင်းသားချောလေး သုတအောင်ရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Thuta Aung
CleoPaTra – CeleGabar

admin

x