“မြန်မာအိုင်ဒေါကြီး ပြိုင်ပွဲကြီးအတွက် ဖွင့်နေပြီဖြစ်တဲ့ ကျောင်းကို ခွင့်ယူထားရပါတယ် ဆိုတဲ့ အေးမြဖြူ”

Last modified date

အသက်ငယ်သလောက် ထူးခြားတဲ့အရည်အချင်းတွေနဲ့ ထူးချွန်လွန်းတဲ့ အေးမြဖြူကတော့ လက်ရှိမှာ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်နေဆဲမို့ တတ်ရောက်မည့် YUFL တက္ကသိုလ်မှာ တတ်ရောက်ရမှာကို ခွင့်ယူထားရတဲ့အကြောင်းကို “သမီးက အထက (၂) ကမာရွတ် (St.augustine) ကဒီနှစ်ဆယ်တန်းအောင်ထားတာပါ။ အခုဆို Yufl (first year) တက်နေရမှာပါ။ ဒါပေမယ့် mmidပြိုင်ပွဲရှိနေလို့ ကျောင်းကိုခွင့်ယူထားရတာပါ။ ပြိုင်ပွဲ ပြီးရင် ပညာရေးရော အနုပညာရော ထူးချွန်အောင် ဆက်ပြီးကြိုးစားပါ့မယ်။ မနက်ဖြန်အတွက် အကောင်းဆုံးကြိုးစားနေပါတယ်ရှင့်” လို့ သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အေးမြဖြူ(ခေါ်)မိုးသိုလေးဟာ (၂၀၁၈-၂၀၁၉) ပညာသင်နှစ်၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အထက (၂) ကမာရွတ် (St.augustine) မှ ဝင်ရောက်ဖြေဆိုခဲ့တာဖြစ်ပြီး မြန်မာစာ၊သင်္ချာ၊ဇီဝဗေဒ ဘာသာရပ်တွေမှာ ဂုဏ်ထူးထွက်ကာ (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တာဖြစ်ပါတယ်။သူဟာ (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ ဂျပန်ဘာသာပညာရပ်ကို ဝင့်ခွင်ရခဲ့ပြီး အခုဆိုရင်ကျောင်တွေစတင်ဖွင့်လှစ်နေပေမယ့် မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်လျှက်ရှိတာမို့ ကျောင်းကို ခွင့်ယူထားတာလည်းဖြစ်ပါတယ်။မိုးသိုလေးဟာဆိုရင် မြန်မာအိုင်ဒေါရဲ့ Top (6)အထိ တတ်ရောက်လာနိုင်ခဲ့ပြီဖြစ်ပြီး ဒီဇင်ဘာလ(၅)ရက်နေ့ဖြစ်တဲ့ မနက်ဖြန်ညမှာဆိုရင်တော့ ဟေမန်ဆောင်း သီချင်း နဲ့ ယှဉ်ပြိုင်သီဆိုကို ကြည့်ရှု့ခံစားရတော့မှာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ အေးမြဖြူ(ခေါ်)မိုးသိုလေးကတော့ မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီး ပြီးဆုံးသွားရင်လည်း ပညာရေးမှာရော၊အနုပညာဘက်မှာပါ ထူးချွန်အောင် ဆက်လက်ကြိုးစားသွားပါတယ်တဲ့။

Credit : Cele Gabar

admin

x