နာဂတိုင်းရင်းသားရိုးရာဝတ်စုံအပြည့်နဲ့ ပရိသတ်ကိုအမြင်တစ်မျိုးဆန်းစေခဲ့တဲ့ တန်ခွန်ကျော်

Last modified date

တန်ခွန်ကျော်ကတော့ ပရိသတ်အားပေးမှုအမြင့်ဆုံးရရှိထားတဲ့ မြန်မာအိုင်ဒေါ Season-4 ရဲ့ဆန်ကာတင်(၁၁)ယောက်စာရင်းဝင် ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပါတယ်။ ပင်ကိုယ်အသံထူးခြားကောင်းမွန်ပြီး အရည်အချင်းရှိတဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့အပြင် ပြိုင်ပွဲအပတ်စဉ်တိုင်းမှာလည်း အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့အရည်အချင်းကို အကောင်းဆုံးထုတ်ဖော်ပြသခဲ့ပေမယ့် ပြိုင်ပွဲအပတ်စဉ်(၄)ပတ်မြောက်မှာတော့ နှုတ်ဆက်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

တန်ခွန်ကျော် နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ အပတ်ကတော့ မြန်မာအိုင်ဒေါပွဲစဉ်တစ်လျှောက်လုံးမှာ ပွဲအဆူဆုံးအပတ်ဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။ ဒါပေမယ့် တန်ခွန်ကျော်ကို အားပေးဝန်းရံတဲ့ပရိသတ်တွေကတော့ ရှေ့ဆက်လျှောက်မယ့် အနုပညာခရီးလမ်းမှာအကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့ အားပေးဝန်းရံမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တန်ခွန်ကျော်ရဲ့အိမ်ပြန်ခရီးလမ်းကိုလည်း ခန္တီးမြို့တစ်မြို့လုံးက သောင်းသောင်းဖြဖြကြိုဆိုပြီး အားပေးခဲ့တာဖြစ်ပါတယ်။

တန်ခွန်ကျော်ကတော့ နာဂတိုင်းရင်းသားတစ်ယောက်ဖြစ်ပြီး ရိုးရာဓလေ့ထုံးတမ်းတွေကိုလည်း ချစ်ခင်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ မွေးရပ်မြေကိုပြန်ရောက်တာနဲ့ မိမိကိုအားပေးနေတဲ့ အနယ်နယ်အရပ်ရပ်ကပရိသတ်တွေအတွက် နာဂရိုးရာအစားအသောက်၊ ဓလေ့ထုံးတမ်းတွေကို ပရိသတ်ကြီးနဲ့ရင်းနှီးအောင် မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တန်ခွန်ကျော်ကတော့ နာဂတိုင်းရင်းသားရိုးရာဝတ်စုံပြည့်နဲ့ပုံလေးအပြင် တိုင်းခမ်းတီ(ခမ်းတီရှမ်း) ရိုးရာဝတ်စုံလေးကိုလည်း ဝတ်ဆင်ပြခဲ့ပါသေးတယ်။ ပရိသတ်တွေကတော့ တန်ခွန်ကျော်ရဲ့ရိုးရာဝတ်စုံတွေကို သဘောကျနှစ်ခြိုက်နေကြတာမို့ ပရိသတ်ကြီးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – TAN KHUN KYAW
Rainbow- Cele Gabar

admin

x