ဘဝမမေ့သေးပါဘူးလို့ ပရိသတ်တွေကိုပြောလာတဲ့ ဖြိုးမြတ်အောင်

Last modified date

Myanmar Idol Season-3 ပြိုင်ပွဲကြီးရဲ့ Winner ဆုကြီးကိုထိုက်တန်စွာရရှိခဲ့သူကတော့ ပရိသတ်တွေအရမ်းချစ်ကြတဲ့ ဟင်္သာတသားလေး ဖြိုးမြတ်အောင်ပဲ ဖြစ်ပါတယ် ။ သူ့ရဲ့အမာခံဖန်တွေက အရမ်းကိုချစ်ကြပြီး ကားဝယ်ပြီး လက်ဆောင်ပေးဂုဏ်ပြုခဲ့ကြတဲ့ထိ အားပေးခဲ့ကြတာဖြစ်ပါတယ် ။ လတ်တလောမှာတော့ ကိုဖြိုးတစ်ယောက် အတိုက်ခိုက်တွေနဲ့ရင်ဆိုင်နေရတာ ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါ ။

Myanmar Idol ပြိုင်ပွဲကို မိသားစုနဲ့သွားရောက်ကြည့်ရှုခဲ့ပေမယ့် ဝင်ခွင့်မရတဲ့အတွက် ကိုဖြိုးရဲ့ဖန်တွေနဲ့ Myanmar Idol အဖွဲ့သားတွေ ကတောက်ကဆဖြစ်ခဲ့ကြတာဖြစ်ပါတယ် ။ Season-2 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ မိုင်းမိုင်ဆိုင်းကလည်း ဘဝမေ့နေတယ်လို့ ရေးသားခဲ့တဲ့အတွက် ကိုဖြိုးရဲ့ဖန်တွေက အကြီးကျယ် စိတ်ဆိုးခဲ့ကြပြီး ကိုဖြိုးဘက်က ရပ်တည်ပေးခဲ့ကြပါတယ် ။ အခုလက်ရှိမှာတော့ ဒီအခြေနေတွေနဲ့ပတ်သက်ပြီး ကိုဖြိုးက ” ကျနော်မအောင်မြင်ခင်ကပုံလေးပါ အခုထိ ဘဝမမေ့သေးပါဘူးဗျ အားလုံးကိုချစ်တယ်နော် ” ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့ မအောင်မြင်ခင်က ပုံရိပ်တစ်ခုကို ပရိသတ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ် ။

ကိုဖြိုးရဲ့ အမာခံပရိသတ်တွေကတော့ ဘယ်အခြေနေပဲ ရောက်ရောက်ချစ်နေမှာမို့ ဘယ်သူတွေဝေဖန်တာမှ ဂရုမစိုက်ဘဲ ဆက်ကြိုးစားပါလို့ အားပေးစကားပြောထားကြပါသေးတယ် ။ ကိုဖြိုးကိုချစ်ကြတဲ့ ပရိသတ်ကြီးကလည်း ကိုဖြိုးဘက်က ရပ်တည်ပေးကြပါဦးနော် ။

Source :Phyo Myat Aung
Molly ( Cele Connections

admin

x