အသက်ကြီးမှ ကလေးတွေနဲ့ အော်ဟစ်ရန်တွေဖြစ်ပြီး ဂိမ်းဆော့ရတာ တော်တော်သာယာတယ်ဆိုတဲ့ စိုးမြတ်သူဇာ

Last modified date

အနုပညာလောကမှာ နှစ်ပေါင်းသုံးဆယ်နီးပါး အောင်မြင်မှုတွေ ရရှိနေတဲ့ မင်းသမီးကြီး စိုးမြတ်သူဇာက အကယ်ဒမီဆုကြီးတစ်ဆုကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ စိုးမြတ်သူဇာက အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း သူမ မြတ်နိုးရာ အနုပညာလုပ်ငန်းတွေလုပ်ရင်း ပေါ့ပါးလွတ်လပ်စွာ ဘဝကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စိုးမြတ်သူဇာက သူမရဲ့ ညီမတွေနဲ့အတူတူ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း အောင်အောင်မြင်မြင် ထူထောင်ထားသူ ဖြစ်ပါတယ်။

အသက်အရွယ်တစ်ခုကို ရောက်ရှိနေပေမယ့် အမြဲတမ်း ပေါ့ပါးစွာ နေထိုင်တတ်တဲ့ စိုးမြတ်သူဇာက Mobile Legend ဂိမ်းကို စွဲစွဲမြဲမြဲဆော့သူမို့ လူငယ်ပရိသတ်တွေကြား ထင်ပေါ်သူလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စိုးမြတ်သူဇာက သူမရဲ့ ဂိမ်းဆော့ရတဲ့အကြောင်းနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောပြထားပါတယ်။

“သိဘူး.. အသက်ကြီးမှ ကလေးတွေနဲ့ အော်ဟစ်ရန်တွေဖြစ်၊ စိတ်တွေကောက်နဲ့ မကြီးအတွက်တော့ game ကစားရတာ တော်တော်သာယာတယ်။ ဒီကြားထဲ game ကစားရင်း လိုင်းကျလို့ကတော့ ဆူညံပွက်လောရိုက်ပြီး ဘယ်သူ့မဲလို့ မဲရမလဲမသိ”

“ထင်လို့ပါ.. တကယ်က အကုသိုလ်မများပါဘူး။ အသက်ကြီးပြီလေ.. အဲ့လိုတွေဖြစ်မှ ငြိမ်ပြီးနှေးနေတဲ့ မကြီးရဲ့ အာရုံကြောတွေက ပိုပြီး နိုးကြားတက်ကြွ သန်စွမ်းလာမှာပေ့ါ 🤪🤪 (လိုရာဆွဲပြောသည်)” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

စိုးမြတ်သူဇာက အဲ့ဒီလို ပေါ့ပေါ့ပါးပါးနဲ့နေလို့လည်း စိတ်ပျိုကိုယ်နုဖြစ်ပြီး ဒီအချိန်ထိ အရွယ်တင် နုပျိုနေတာ ဖြစ်မယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: SOEMYAT THUZAR

admin

x