ဒီကနေ့ အသက်(၃၁)နှစ်ပြည့်မွေးနေ့ကို ကျရောက်လာတဲ့ ထိုင်းမင်းသားချော Mario Maurer

Last modified date

ဒီကနေ့ ဒီဇင်ဘာ (၄)ရက်နေ့ကတော့ ပရိသတ်ချစ်တဲ့ ထိုင်းမင်းသားချော Mario Maurer ရဲ့ မွေးနေ့ လေးပါ။ Mario ကိုတော့ December 4, 1988 မှာ မွေးခဲ့တာပါ။ ဒီနေ့ မွေးနေ့ လေးကတော့ သူ့ရဲ့ အသက် (၃၁)နှစ်ပြည့် မွေးနေ့လေးပါ။ သူ့ရဲ့ မွေးနေ့လေးမှာတော့ အမှတ်တရ Post တင်ခဲ့ပါတယ်။ သူ့ရဲ့ အသက်ကို တော့ ဒီနေ့ အသက် (၂၀) ပြည့်ပြီဆိုပြီး စနောက် တင်ခဲ့ပါတယ်။ (၃၁)နှစ်ပြည့်ဆိုပေမယ့် တကယ်လည်း (၂၀)လေးလို နုပျို ကြည့် ကောင်းနေတဲ့ မင်းသားချောပါ။

Mario Maurer ရဲ့ နာမည်ရင်း ကတော့ Nutthawuth Maurer ပါ။ နာမည်ကြီး မင်းသားမော်ဒယ်တစ်ေ ယာက်ပါ။(၁၉၈၈)ခုနှစ် ဒီဇင်ဘာ(၄)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် ကတော့ (၃၁)ပါ။ ဘန်ကောက်မှာပဲ မွေးခဲ့တာပါ။ ထိုင်း-တရုတ်-ဂျာမန် စပ်တဲ့ ကပြားပါ။ အရပ်ကတော့ (၁၈၀ စင်တီမီတာ)၊ သွေးအမျိုးအစားကတော့ အိုပါ။

စကိတ်လျှောပြားစီးရတာကို ကြိုက်ပါတယ်။ ပညာအရည်အချင်းကတော့ Ramkhamhaeng တက္ကသိုလ်ကနေ Communi cation Arts ၊ Krirk University ကနေ Political Communication မာစတာဘွဲ့ရထားသူလို့ သိရပါတယ်။သူ့ထက် ငါးနှစ်ကြီးတဲ့ မွေးချင်း အစ်ကို တစ်ယောက်ရှိပါတယ်။ ဖခင်ကတော့ (၂၀၁၁)က ကွယ်လွန်သွားခဲ့ပါတယ်။ အစ်ကို ဖြစ်သူနဲ့ Mario တို့ဟာ အတော်လေးကို နွေးထွေးတဲ့ ဆက်ဆံ ရေးမျိုး ရှိသူပါ။

(၁၆)နှစ်သားတည်းကစပြီး မော်ဒယ်တစ်ယောက် အဖြစ် အနုပညာ လမ်းကြော င်းထဲ တိုးဝင်လာခဲ့သူပါ။ (၂၀၀၇)ခုနှစ်က ဇာတ်ကားဖြစ်တဲ့ The Love of Siam နဲ့ (၂၀၁၀)ခုနှစ်က First Love (A Little Thing Called Love) တို့က Mario ဆိုပြီး ပရိသတ်တွေဆီကနေ တခဲနက် အားပေးမှုရခဲ့တဲ့ ဇာတ်ကားတွေပါ။

ထိုင်းနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကား တစ်ခုဖြစ်တဲ့ Pee Mak ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့တာပါ။ ဒါကြောင့် တစ်ချို့ကလည်း သူ့ကို Pee Mak မင်းသားဆိုပြီး ခေါ်ကြပါတယ်။The Love of Siam ဇာတ်ကားနဲ့ မင်းသား တစ်ယောက်ဖြစ်လာခဲ့တယ်ဆိုပေမယ့် အဲ့ဒီဇာတ်ကားကို Mario က လုံးဝမရိုက်ချင်ခဲ့ပါဘူး။

“ကျွန်တော် မရိုက်ချင်ခဲ့ဘူး။ သရုပ်ဆောင်အလုပ်က ကျွန်တော်လုပ်မယ်ဆိုပြီး တွေးထားတဲ့အထဲမှာ မပါခဲ့ဘူး” လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါရိုက်တာ “Chukiat” ကို ယုံတာရယ်၊ မိသားစုအတွက် ငွေကြေး ကူညီပေးချင်တာကြောင့် ရိုက်ဖြစ်ခဲ့တာပါ။ ဒီကားကလည်း Mario မင်းသားဖြစ်လာစေတဲ့ လှေကားထစ်တစ်ခုဖြစ် လာခဲ့ပါတယ်။ ဒီကားထဲမှာ သူ့ရဲ့ ဇာတ်ကောင်က Gay တစ်ယောက်ပါ။ ဒါပေမယ့် ဒီကား ထဲက သူ့ရဲ့ သရုပ်ဆောင်ချက်တွေကို ဝေဖန်သူတွေကတောင် အကော င်းပြောခဲ့ကြပါတယ်။ The Love of Siam ဇာတ်ကားနဲ့ပဲ Asian Film Awards ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ပို့မင်းသားဆုအတွက် ဆန်ကာတင်စာရင်း ဝင်ခဲ့ပါတယ်။

နောက်တစ်ကြိမ် Mario ရယ်လို့ နာမည် ထပ်ကြီးစေခဲ့တဲ့ ဇာတ်ကားကတော့ First Love (A Little Thing Called Love) (2010) ပါ။ (2013) စက်တင်ဘာမှာတော့ ကိုယ်ပိုင် ရေမွှေး Mario Maurer for Men ကို ထုတ်ခဲ့ဖူးပါတယ်။ အချစ်ရေးကတော့ Junji Gai-A နဲ့ တွဲနေပါတယ်။

Source: wiki/Asian wiki,CRD-aunty may

admin

x