အဖေနဲ့အမေ အမြဲတမ်းရန်ဖြစ်နေလို့ (၃၉)လွှာက ခုန်ချသွားတဲ့ (၁၁)နှစ်သမီးလေး

Last modified date

ငြိမ်းချမ်းရေးဆိုတာ အမြဲတမ်းလိုအပ်ပါတယ်။ ကမ္ဘာကြီးမှာလည်း တစ်ခြား ဘာမှ မလိုပါဘူး။ ငြိမ်းချမ်းရေးသာ လိုပါတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းရင် ကမ္ဘာသူကမ္ဘာသားတို့အတွက် ကျန်တဲ့လိုအပ်ချက်တွေ အလိုလို ပြည့်စုံသွားမှာပါ။ မြန်မာနိုင်ငံမှာလည်း ဘာမှ မလိုပါဘူး။ ငြိမ်းချမ်းရေးပဲ လိုပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရင် ပြည်သူပြည်သားတွေရဲ့ တစ်ခြားလိုအပ်ချက်တွေ အလိုလို ပြည့်စုံသွားမှာပါ။

အခုလည်း အိမ်ထောင်တစ်ခု မငြိမ်းချမ်းခြင်းရဲ့ ဘေးထွက်ဆိုးကျိူးအဖြစ် အပြစ်မဲ့သမီးငယ်လေးတစ်ယောက် လူ့လောကကနေ မလိုအပ်ဘဲ ထွက်ခွာသွားခဲ့ရပါတယ်။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အနောက်ပိုင်း၊ အထက်မြင့်လူနေအဆောက်ဦတစ်ခုမှာ နေထိုင်ကြတဲ့ မိသားစုလေးမှာ ဖြစ်ခဲ့တဲ့ ပြဿနာပါ။

လင်မယားနှစ်ယောက်စလုံးဟာ ဝင်ငွေလစာအကောင်းဆုံး မိသားစုတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် နှစ်ယောက်သားဟာ တစ်ယောက်အပြစ် တစ်ယောက်ထိုင်ပြောတဲ့ အကျင့်ရှိကြပြီး၊ အမြဲလိုလို ဆူပူရန်ဖြစ်နေကြပါတယ်။ နိုဝင်ဘာလ(၂၅)ရက် တနင်္လာနေ့ညက သူတို့လင်မယား ထုံးစံအတိုင်း စကားများရန်ဖြစ်ကြပါတယ်။ အော်ကြဆဲကြ၊ တံခါးတွေ စောင့်ပိတ်ကြနဲ့ပါဘဲ။

(၁၁)နှစ်အရွယ် သမီးလေးကတော့ တစ်ညလုံး စိတ်ထိခိုက်ပြီး ငိုကျွေးခဲ့ပါတယ်။ နောက်ရက် နိုဝင်္ဘာလ(၂၆)ရက်မနက်မှာပဲ သူမရဲ့ အိပ်ခန်းဘေးက ပြတင်းပေါက်ကနေ အောက်ကို ခုန်ချသွားပါတော့တယ်။ ဒါကိုတောင် မိဘတွေ မသိလိုက်ပါဘူး။ မိခင်ဖြစ်သူက မနက်စာစားဖို့ ခေါ်မှ ကလေးမရှိတော့ဘူးဆိုတာ သိလိုက်ရတာပါ။

မိခင်ဖြစ်သူ အောက်ထက်ကို အလောတကြီး ပြေးဆင်းပြီး ကြည့်ချိန်မှာတော့ ကလေးမလေးဟာ သွေးအိုင်ထဲမှာ မိဘတွေကို ဘယ်တော့မှပြန်မလာတော့တဲ့ခရီးကို ထွက်သွားပြီဖြစ်ကြောင်း နောက်ဆုံး ဆန္ဒပြသွားပါတော့တယ်။ သူမဟာ ကျောင်းဝတ်စုံ ဝတ်လျှက်သားပါ။

အခန်းထဲမှာ ဖိနပ်ကလေးရယ်၊ မိသားစုဓာတ်ပုံရယ်၊ ကျန်ရစ်ပါတယ်။ အခင်းဖြစ်ရာနေရာကို ဖခင်ဖြစ်သူက တစ်နာရီလောက်နေမှ ရောက်ပါတယ်။ သူက အလုပ်ကို သွားနေပုံရပါတယ်။ လင်မယားနှစ်ယောက်ဟာ အဲဒီတော့မှ တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ငိုပါတော့တယ်။ သူတို့အတွက် နောင်တတွေဟာ အချိန်နှောင်းမှ မျက်ရည်တွေနဲ့အတူ ရောက်လာခဲ့တာပါ။

credit-shwemom

admin

x