သူမအိမ်က ခမ်းနားကြီးကျယ်လှတဲ့ အိမ်သာအပြင်အဆင်ကို ပြသလိုက်တဲ့ စမိုင်းလ်

Last modified date

သရုပ်ဆောင်နဲ့ အဆိုတော်စမိုင်းလ်ဟာ အိမ်အပြင်အဆင် ကိုယ်တိုင်လုပ်ရတာကို ဝါသနာပါသူတစ်ဦးဖြစ်ပြီး အခုလည်း သူတို့အိမ်ထဲက အိမ်သာကိုပါ ဓါတ်ပုံရိုက်လို့လှတဲ့ ရှုခင်းလေးတွေဖြစ်အောင် ပြုပြင်အလှဆင်ထားတာကို ပြသလိုက်ပြန်ပါတယ်။

စမိုင်းလ်ဟာ သူတို့အိမ်ရဲ့ အိမ်သာမှာ ကိုယ်တိုင်ပုံလေးရိုက်ပြီး တင်ခဲ့တာဖြစ်ပြီး အိမ်သာထဲမှာဓါတ်ပုံရိုက်လို့ လှအောင်ဆင်ထားတယ် လာလည်မလားလို့ ဖိတ်ခေါ်လိုက်တာပါ။

စမိုင်းလ်ရဲ့ အိမ်သာအပြင်အဆင်လေးက တကယ့်ကို လှပနေပြီး ဘေစင်နဲ့ မှန်ဘောင်တွေကိုလည်း ရွှေရောင်လွှမ်းနေအောင် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်စမိုင်းလ်ဟာ အိမ်အပြင်အဆင်ကို ဦးစားပေးသူအဖြစ် နာမည်ကြီးသူလည်း ဖြစ်ပါတယ်။ သူမဟာ အိမ်တွင်းအပြင်အဆင်သာမက အိမ်ခေါင်မိုးထပ်လေးကိုလည်း တကယ့်နားနေချင်စရာလေးအဖြစ် ဖန်တီးထားပါသေးတယ်။

ကဲ စမိုင်းလ်ကတော့ သူ့အိမ်က အိမ်သာလေးကိုကြွားလိုက်ပြန်ပါပြီနော်၊ ပရိသတ်ကြီးရော စမိုင်းလ်တို့အိမ်က အိမ်သာအပြင်အဆင်လေးအပေါ် ဘယ်လိုမြင်လဲဟင်။

Source : We Love Cele

admin

x