အချစ်ရေးအဆင်မပြေမှုတွေအပြီးမှာ’တစ်ယောက်ထဲ ဘုရင်မပဲလုပ်တော့မယ်’လို့ ဆိုလာတဲ့ဆုအိမ့်စံ

Last modified date

ဆုအိမ့်စံကတော့ မော်ဒယ်၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကကို ဝင်ရောက်လာသူဖြစ်ပြီး ပရိသတ်လက်ခံအားပေးမှုကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာဖူးဖူးလေးနဲ့ စွဲမက်ဖွယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့် အမျိုးသားပရိသတ်တွေကြားမှာလည်း ရေပန်းစားပါသေးတယ်။

ချစ်သူဟောင်းဖြစ်သူ သူရိယနဲ့အချစ်ရေးကို ပွင့်ပွင့်လင်းလင်းချပြခဲ့ပြီး ပရိသတ်ချစ်ခင်အားကျမှုကို ရရှိခဲ့သည်အထိ အချစ်ရေးမှာပျော်ရွှင်စရာတွေရရှိခဲ့ပေမယ့် လတ်တလောအချိန်မှာတော့ ပြတ်ဆဲကြောင်းသတင်းထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ မထင်မှတ်တဲ့သတင်းကြောင့် ပရိသတ်တွေအံ့အားသင့်ခဲ့ရတာဖြစ်ပြီး ဆုဆုကိုယ်တိုင်လည်း ဒီအခြေအနေကိုဖြတ်ကျော်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ရတယ်လို့ဆိုရမှာပါ။အခုအချိန်မှာတော့ ကိုယ်ပိုင်အားအင်အသစ်တွေနဲ့ ထွန်းလင်းတောက်ပဖို့ကြိုးစားနေတဲ့ ဆုဆုကိုတွေ့မြင်ရမှာပါ။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေတဲ့အပြင် လက်ရှိထုတ်လွှင့်ပြသနေတဲ့ “Dancing with the Stars” အစီအစဉ်မှာ ပရိသတ်တွေအတွက် အကောင်းဆုံးယှဉ်ပြိုင်ဖျော်ဖြေနေတာပဲဖြစ်ပါတယ်။

ဆုဆုကတော့ ကံဆိုးမှုတွေအပြီးမှာ စိတ်ဓာတ်ကိုအကောင်းဆုံး ပြန်လည်ပြင်ဆင်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး “တစ်ယောက်ထဲ ဘုရင်မပဲလုပ်တော့မယ်” လို့လည်း သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါသေးတယ်။ စိတ်မချမ်းသာစရာတွေဖြစ်လာပြီးနောက်ပိုင်းမှာ အမြန်ဆုံးနလန်ပြန်ထူလာနိုင်ခဲ့တဲ့ ဆုဆုရဲ့စိတ်ဓာတ်ကတော့ အတုယူစရာပါပဲ ပရိသတ်ကြီးရေ။

Source – Cele Gabar

admin